Part - 16 [Zawgyi]

215 9 4
                                    

ထိုညတွင် နုငယ်နှင့်မေမေ၏တိုက်ပွဲသည် အတော်ကိုပြင်းထန်ခဲ့သည် .. ရာရာ့အပေါ်ရစရာမရှိအောင်ပြောယုံတင်မဟုတ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်က အရမ်းလွန်သည်ဟု နုငယ်ထင်သည် .. အိမ်ထဲတွင် နုငယ်တို့တိုက်ပွဲပြင်းထန်ခဲ့သလို အပြင်ဘက်မှရာရာသည်လဲ မပြန်ပဲတညလုံးရှိနေခဲ့သည်ဆိုတာကို မနက်လေဆိပ်သွားခါနီးမှ ခြံစောင့်ဦးထွန်းပြောပြ၍သိခဲ့ရသည် ..

နုငယ်ရင်ထဲတဆစ်ဆစ်နာရသည် ..
သူတို့နှစ်ယောက်၏အချစ်သည် အပြစ်တခုများဖြစ်နေလို့လား ..
တယောက်အပေါ်တယောက်ရှိနေသည့် စိတ်ခံစားချက်များသည် ဘယ်သူ့ကိုနစ်နာစေလို့လဲ ..

လေယာဉ်ပေါ်တတ်ခါနီးသည်အထိ သူရှာဖွေနေသည့်ပုံရိပ်ကပေါ်မလာခဲ့ .. နောက်ဆုံးမျက်ရည်များနှင့် ထွက်လာခဲ့ရသည် .. အခုဆို ရာရာကျန်ခဲ့သည့် အရပ်သည် မှုန်ဝါးဝါးသာမြင်ရတော့သည် ..

သုံးလ ..
ဒီသုံးလကိုသူဘယ်လိုများဖြတ်ကျော်ရပါ့မလဲ ..
လေးလံနေသည့် သူ့စိတ်က ဘာကြောင့်ပါလိမ့် ..

ပျံသန်းသွားသည့်လေယာဉ် မျက်လုံးထဲမှပျောက်ကွယ်သွားလေမှ သူလှည့်ပြန်လာခဲ့သည် .. သူ့အား ရှာဖွေနေသည့် ထိုမျက်ဝန်းများကိုလဲ သူတွေ့ရပါသည် .. တညလုံးငိုထားပုံရသည့် မျက်ဝန်းမို့မို့များမှာလဲ မျက်ရည်များကရစ်ဝိုင်းနေသေးသည် ..

နောက်ကွယ်ကသာ ရပ်ကြည့်နိုင်ခဲ့လို့ တောင်းပန်ပါတယ်နုငယ် ..
ဒီနေ့ ဒီပုံရိပ်လေးက မင်းကိုမြင်ရတဲ့နောက်ဆုံးပုံရိပ်လေးမဖြစ်စေဖို့ တို့ရှိတဲ့အားနဲ့စောင့်နေချင်ပါတယ် ..

အမြင့်ဆုံးပျံသန်းပါကလေးငယ် ..
သိပ်ကိုခမ်းနားပီး လှပတဲ့ အမြင့်ဆုံးဘဝဆီကိုပျံသန်းလိုက်ပါ ..

ဆယ်နှစ်အရွယ်နုငယ်လေးကနေ သူ့ချစ်သူကောင်မလေးနုငယ်ဖြစ်သည်အထိ ပုံရိပ်လေးတွေကို Desktopနှင့် phone Screen ထဲမှာတင်မဟုတ်ပဲ သူ့နှလုံးသားထဲမှာပါသိမ်းထားပီး တနေ့ သူ လေအဖြစ်ပျောက်ကွယ်သွားချိန်အထိ ယူသွားချင်သည် ..

ကျန်ရှိသည့်နေရက်များတွင် သူ့အနားနုငယ်ကိုရှိစေချင်သည် ..
သူ့အတွတ်သိပ်ကိုအဖိုးတန်တဲ့ ထိုနေ့ရက်လေးတွေမှာ ချစ်ရသူရဲ့ပုံရိပ်တွေကိုသိမ်းဆည်းသွားချင်သည် ..
သို့သော် .. လောကကြီးကသူ့ကိုခွင့်မပေးခဲ့ ..

My precious Où les histoires vivent. Découvrez maintenant