Part - 11 [Unicode]

988 140 8
                                    

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ..... တီ .. တီ .."

ကိုင်သူမဲ့သည့်ဖုန်းကြောင့် ကောင်းခြင်းရင်ပူရသည် .. မနက်ကကိစ္စကြောင့် ထိုကလေးလေး အတော်ဝမ်းနည်းနေရှာမည်ဖြစ်သလို အရိုက်ခံရသည့်ပါးပြင်ကလဲနာနေလျော့မည် .. အရီ့စိတ်နဲ့က ကလေးကိုချော့ရဲ့လားမသိ .. သူဖုန်းခေါ်သည်မှာ ငါးကြိမ်မျှပင်ရှိပီဖြစ်သော်လဲ တဖက်က မကိုင်ပေ ..

ဖြစ်နိုင်‌ရင်ပြေးတွေ့လိုက်ချင်သော်လဲ အရီနဲ့စကားထပ်မများချင် .. ပီးတော့ ထိုကလေးရှေ့ပို၍ပင် စကားတွေမပြောချင် .. အစားရောစားရဲ့လား သူ့အခန်းထဲ ငိုပဲနေမလား ဆိုသည့်အတွေးက သူ့ကိုစိတ်မောစေသည် .. များပြားလှသော အတွေးများက သူ့စိတ်ကိုရှုပ်ထွေးလာတာမို့ အကျင့်အတိုင်း ဆေးလိပ်တလိပ်အား မီးညှိလိုက်ပီး နှုတ်ခမ်းတွင်ခဲလိုက်သည် .. ဝေ့ပြန်လာသည့် ဆေးလိပ်ငွေ့တွေက သူ့ဘေးနားတဝိုက်ပြန့်နှံ့သွားသည် ..

သူ့အတွတ်အရီသည် ဘယ်လိုကိုင်တွယ်ရမည်မသိသည့် ပုစ္ဆာတပုဒ်ဖြစ်သည် .. ခေါင်းမာပီး အရှက်ကြီးလှသည့်အရီ့အတွတ် ဒီကိစ္စသည်အတော်ကို ထိတ်လန့်စေခဲ့တာဖြစ်သည် .. ထို့သို့ အရီ့စိတ်ကိုသိတာမို့လဲ အနှစ်20လုံး သူကြိတ်မှိတ်သည်းခံနေခဲ့သည် .. သို့သော် နုငယ်ကတော့မဖြစ် .. အရီအထင်လွဲသလို နုငယ်ကတော့ထို့သို့ထင်သွားလို့မဖြစ် .. အရီ့လို နုငယ် သူ့ကိုရွံမုန်းသွားမှာ သူသေလောက်အောင်ကြောက်ပါသည် .. နုငယ်အတွတ် သူသည် 17နှစ်တာမျှော်လင့်နေခဲ့ရသူဖြစ်သည်ဆို သူ့အတွတ် နုငယ်သည် 17နှစ်တာ အရိပ်တကြည့်ကြည့် ပျိုးထောင်ခဲ့ရသည့် အဖိုးတန်ပန်းလေးတပွင့်ပင်ဖြစ်သည် .. ဘယ်လိုသော ကျား မ များအပေါ် မခုန်လှုတ်ခဲ့သော သူ့ရင်အစုံသည် ဒယ်ဒီပို့လာခဲ့သော ဓာတ်ပုံမှ ပြုံးရယ်နေခဲ့သော ဆယ်နှစ်အရွယ်ကလေးမလေးတယောက်အပေါ် တငြိမ့်ငြိမ့်လေးခုန်ခဲ့ရသည် .. တနှစ်တခြား လှလာသည့် ထိုကလေးကိုကြည့်ပီး သူ့မှာစိတ်မချဖြစ်ရတာအမော .. မဖြစ်သင့်ဘူးဆိုတာ သိတာမို့ သူ့နှလုံးသားကိုအပီးတိုင်သော့ခတ်လို့သိမ်းထားဖို့ရယ်ရွယ်ခဲ့ပေမယ့် အတောမသတ်နိုင်တဲ့ ပျော်ဝင်မှုတွေကြောင့် ဒီကလေးငယ်အနား ဘယ်လိုပတ်သက်မှုလေးနဲ့ပဲနေရ နေရ ဆိုသည့်ဆုံးဖြတ်ချက်နဲ့ အရဲစွန့်ပြန်လာခဲ့ခြင်း .. သူ့မျက်ကွယ်မှာ မဟုတ်မမှန်တဲ့သူနဲ့ တွေ့သွားမှာစိုးမိတာလဲ အိမ်မက်ထဲအထိပါခြောက်လန့်သည်အထိ .. ကိုယ်မပိုင်တဲ့အရာလေးကို ဥစ္စာခြောက်မိသည်မှာ ကောင်းခြင်းရာရာဘဝမှာ ပထမဆုံးရယ်ပါ ..

My precious Donde viven las historias. Descúbrelo ahora