Part - 13 [Unicode]

1K 149 13
                                    

"ကြွပါဗျ ဒေါ်သိမ့်ထက်မြတ်ရီ"

"ကျွန်မနည်းနည်းနောက်ကျသွားတယ် sorry ပါနော်"

"ရပါတယ်ဗျ တချို့တလေပဲရောက်ကြသေးတာပါ ဒီနေ့က ပေါ့ပေါးပါးပါးပဲဆွေးနွေးကြမှာဆိုတော့ ဒေါ်သိမ့်ထက်မြတ်ရီတတ်ရောက်ပေးတာကိုပဲကျေးဇူးတင်ရပါပီ"

"မဟုတ်တာရှင် အားလုံးအတွတ်အကျိုးစီးပွားဖြစ်မယ့်ကိစ္စပဲ ကျွန်မလဲတတ်နိုင်သ‌လောက်ပါဝင်ရမှာပေါ့"

"ဟုတ်တာပေါ့ဗျာ .. ဒါနဲ့ ဒီဇိုင်းပညာရှင်‌ဒေါ်ကောင်းခြင်းရာရာဆိုတာလေ ဒေါ်သိမ့်ထက်မြတ်ရီနဲ့ညီအမတွေဆိုတာမသိခဲ့ဘူး"

လက်ရှိ သူရှယ်ယာဝင်ထားသည့်လုပ်ငန်းတခုက ပရောဂျက်စပီမို့ ပါဝင်သူလုပ်ငန်းရှင်များတွေ့ဆုံစကားပြောကြမည်ဖြစ်သည် .. အခုသူ့ရှေ့က ဦးမြတ်ထွန်းဆိုသည်မှာ ကုန်သွယ်ရေးလုပ်ငန်းပိုင်းကျွမ်းကျင်ကာ ဆက်ဆံရေးကောင်းသူမို့ အာလုံးကယုံကြည်ပီး ပါဝင်ကြခြင်းပေ .. ဦးမြတ်ထွန်းဆီမှ ကြားလိုက်ရသည့်နံမည်ကြောင့် သိမ့်ရဲ့အပြုံးတွေဟာပျောက်ကွယ်သွားရသည် ..

"သူ့အဖေက ကျွန်မရဲ့မွေးစားဖေဖေပါ .. ဘာလို့လဲရှင့်"

"အော် ကျွန်တော်တို့ရဲ့ ရှမ်းပြည်ဘက်ကအဆောက်အဦးကို ဒီဇိုင်းနာပညာရှင်ဒေါ်ကောင်းခြင်းရာရာရဲ့ဒီဇိုင်းလေးနဲ့သုံးချင်တယ်ဆိုပီး လုပ်ငန်းရှင်တော်တော်များများက တောင်းဆိုထားကြလို့ပါ .. ဒေါ်ကောင်းခြင်းခြင်းရာရာကလဲ တော်ယုံဆိုလက်ခံတာမဟုတ်လို့ ဒေါ်သိမ့်ထက်မြတ်ရီ သာပြောပေးရင် .."

"ကျွန်မတို့ဆက်ဆံရေးကစိမ်းသက်တာထက်ပိုပါတယ် .. ဒါကြောင့်ဦးမြတ်ထွန်းတောင်းတဲ့အကူညီကိုပေးနိုင်မယ်မထင်ဘူး .. ကျွန်မအတွတ်နေရာကဘယ်မှာလဲမသိဘူးနော်"

"အော်ဟုတ် sorry ပါဗျာ ကျွန်တော်မသိလိုက်လို့ပါ ဒီဘက်မှာပါဗျ ဒေါ်သိမ့်ထက်မြတ်ရီရဲ့နေရာက"

ပြောင်းလဲသွားတဲ့မျက်နှာနှင့် သိသိသာသာစကားစကိုဖြတ်လိုက်တာကြောင့် ဦးမြတ်ထွန်းလဲ နားလည်လိုက်ကာ စီစဉ်ပေးထားသည့်နေရာသို့ လမ်းညွှန်ပေးလိုက်ရသည် ..

My precious Hikayelerin yaşadığı yer. Şimdi keşfedin