Part - 18 End [Unicode]

2.2K 182 19
                                    

ခြေအစုံကမြေပြင်ကိုထိလိုက်သည်နှင့် နုငယ်ရဲ့ရင်ကပါအခုန်မြန်သွားရသည် .. 17နှစ်တာနေထိုင်ခဲ့သော ဒီမြေ ဒီနိုင်ငံသည် 3လတာဝေးကွာယုံနဲ့ဒီလောက်လွမ်းဆွတ်ရမည်ဟု သူမထင်ခဲ့ .. သို့မဟုတ် 3လတာလွမ်းနေခဲ့ရသည်က ဒီနိုင်ငံကြီးမဟုတ်ပဲ ဒီနိုင်ငံတွင်ရှိနေသည့် ချစ်ရသူကိုဖြစ်ပါလိမ့်မည် .. ခရီးသည်များအားလာကြိုကြသည့် နေရာသို့နုငယ်ခြေလှမ်းတို့က မပြေးယုံတမယ် .. ဒီရက်ပိုင်းအဆက်သွယ်မရတာမို့ လာကြိုဖို့မပြောထားခဲ့ရသော်လဲ သူ့စိတ်ထဲမျှော်လင့်မိတာတော့အမှန်ပင် .. အဆက်သွယ်ဆိုမှ ချစ်ရသူနှင့်မှမဟုတ် မေမေနှင့်ပင်မရ .. ပြန်လာခါနီးတပတ်မှာတင် မေမေသည်လိုင်းပေါ်လုံးဝပျောက်နေတာမို့ စကားပင်မပြောခဲ့ရ ..

နုငယ်မျက်လုံးများက ဂဏာမငြိမ်စွာ ပုံရိပ်တခုကိုရှာဖွေနေမိသည် ..

"သမီး! .."

လက်ပြ လှမ်းခေါ်လာသည့်ဖေဖေရှိရာ လျှောက်သွားရင်း နောက်ပါးဆီမှ ရှိလေမလားဆိုသည့်မျှော်လင့်ချက်က နုငာ်မျက်လုံးများက လူအများကြားဝေ့ဝဲနေမိသည် ..

"သမီး‌မေမေကနေမကောင်းလို့ ဖေဖေတယောက်တည်းလာကြိုတာ"

ရှာဖွေနေသည့်နုငယ်ရဲ့မျက်လုံးတွေကိုမြင်သည့်ဖေဖေက ပြောလာခြင်း .. အမှန်တိုင်းပြောရရင် သူရှာဖွေနေတာမေမေမဟုတ်ပဲလေ .. သို့သော် မေမေနေမကောင်းဘူးဆိုတာကြောင့် စိတ်ပူသွားရသည် ..

"အဲ့ဒါကြောင့် မေမေ့ကိုလိုင်းပေါ်မတွေ့တာကို.. နုငယ် မေမေနဲ့စကားမပြောဖြစ်တာ တပတ်လောက်ရှိပီ .. အခုရော မေမေသက်သာရဲ့လားဟင်"

"အလုပ်ပင်ပန်းပီးဖျားယုံပါ အခုသက်သာနေပါပီ"

"ဟုတ်ဖေဖေ .. ဒါနဲ့ဘိုးဘိုးရော နေကောင်းရဲ့လား"

နုငယ် တစုံတယောက်ကိုမေးချင်သော်လဲ ဒီတပတ်အတွင်းအဆက်သွယ်မရတာက မေမေတယောက်ထဲမဟုတ်တာမို့ ဘိုးဘိုးကိုလဲစိတ်ပူမိတာအမှန်ပင် .. ဘိုးဘိုးသည် ကျန်းမာသည့်လူကြီးတယောက်ဖြစ်သော်လဲ အသက်ရွယ်ကစကားပြောတာမို့ တခုခုဆို ဂရုစိုက်နိုင်မှအဆင်ပြေမည် ..

My precious Donde viven las historias. Descúbrelo ahora