Part - 2 [Zawgyi]

340 6 2
                                    

"ဘယ်လိုလဲသမီး ကျောင်းအသစ် သူငယ်ချင်းအသစ်တွေနဲ့အဆင်ပြေခဲ့လား"

ဂရုတစိုက်မေးလာသည့်ဖေဖေကြောင် သိမ့်အားယူပြုံးပြလိုက်ပီး ..

"ပြေပါတယ် ဖေ ဖေ"

သိပ်မရဲသေးတဲ့အခေါ်ဝေါ်က သူ့နှုတ်မှတလုံးစီထွက်သွားတာမို့ ဖေဖေကသဘောကျစွာပြုံးသည် ..

"ပေါ့ပေါးပါးပါးပဲနေပါသမီး .. နောက်တော့နေသားကျသွားမှာပါ .. အခုတော့နားလိုက်အုံး လိုအပ်တာရှိရင်ဖေဖေ့ကိုပြောနော် .. အော် သမီးညီမ ကောင်းခြင်းက ဒီနေ့Flightနဲ့ပြန်မလာဖြစ်ဘူးတဲ့ မနက်ဖြန်မှတွေ့ကြတော့"

"ဟုတ်ကဲ့ဖေဖေ"

ကြွရောင်တဖိတ်ဖိတ်တောက်နေသည့် လှေကားပေါ်ကသူ့ခြေလှမ်းများကမရဲတရဲ .. ယိုင်နဲ့နဲ့ ထရံကာ ကြမ်းခင်းအိမ်သေးသေးလေးမှာ နေခဲ့ရသူ သူ့အဖို့ .. ဤအိမ် ဤခြံဝင်းသည် နတ်ဘုံ နတ်နန်းအလား ..

ဦးကောင်းခြင်းအောင်ဆိုတာ ချမ်းသာကြွယ်ဝမှုမှာမသိသူမရှိ .. မျိုးရိုးအလိုက်ချမ်းသာလာသူဖြစ်သလို ကိုယ်တိုင်ကလဲ စီးပွားရေးမှာဆရာတဆူဖြစ်တာမို့ တနေ့တနေ့တိုးပွားလာသည့် ချမ်းသာမှုများက ထားစရာနေရာပင်ရှိပါ့မလားစိုရိမ်ရသည်အထိ .. သဘောကောင်းသည် .. ဖြောင့်မတ်သည် .. အလှူဒါန်းရက်ရောသည်များကြောင့်ပါ ဦးကောင်းခြင်းအောင်ဆိုတာ အားလုံးက လေးစား အားကျရသည့်စံပြပုဂ္ဂိုလ်တဦး .. ထိုသို့အရာရာပြည့်စုံသည့်အပြင် လူချောလူဖြောင့်ပါဖြစ်သည့်ဦးကောင်းခြင်းအောင်မှာ ပိုလန်‌နိုင်ငံရဲ့မော်ဒယ်တဦးကို ရအောင်ယူခဲ့သူလဲဖြစ်သည် .. အခုအခါတွင်တာ့ ဇနီးဖြစ်သူနှင့်အကြောင်းမတိုက်ဆိုင်တာမို့ နှစ်ဦးသဘောတူကွာရှင်းထားကာ ကိုယ့်နိုင်ငံတွင်ကိုယ်အသီးသီးနေထိုင်နေကြခြင်း .. တဦးတည်းသောသမီးဖြစ်သည့် ကောင်ခြင်းရာရာမှာတော့ မိခင်ဖြစ်သူရှိသည့် ပိုလန်သို့ ကျောင်းပိတ်ရက်တိုင်းလိုလိုသွားနေတတ်သည် .. အခုက မိခင်၏အဖေ အဖိုးဖြစ်သူဆုံးသွားတာမို့ ကျောင်းခွင့်ယူကာသွားခြင်းဖြစ်သည် .. သူကိုယ်တိုင်လိုက်ပေးချင်ပါသော်လဲ ရုတ်တရက်မို့လွှဲမရသည့်လုပ်ငန်းများကြောင့်အတူမလိုက်ပေးနိုင်ခဲ့ခြင်း ..

My precious Where stories live. Discover now