သူနဲ့နုငယ်ရဲ့ တရားဝင်ချစ်သူဘဝက အများကြီးပြောင်းလဲသွားတာမျိုးမရှိပေ .. သူ့အတွတ် အရိပ်တကြည့်ကြည့်ဖြင့် မြတ်နိုးခဲ့သည့်ထိုပန်းလေးကိုပိုင်ဆိုင်ခွင့်ရသည်က ကြည်နူးပျော်ရွှင်ရသလို တဖက်မှာစိုးရိမ်ပူပန်နေရသည်များရှိသည် .. သူတို့နှစ်ဦးအကြောင်း အရီသာသိသွားခဲ့ရင် အခုထက်အဆပေါင်းများစွာ သူ့ကိုမုန်းတီးသွားနိုင်သလို နုငယ်ကိုလဲသူနှင့်အဝေးဆုံးနေရာသို့ပို့ပစ်နိုင်သည် .. ထို့အပြင် ပတ်ဝန်းကျင်ရဲ့ဆိုးဝါးသောရိုက်ခတ်မှုများက ငယ်ရွယ်ပီး ဘဝတတ်လမ်းတွေအများကြီးနဲ့ဆယ်ကျော်သက်ကလေးတယောက်ကို ထိခိုက်နစ်နာစေနိုင်သည် ..
သူသည်လူသားတယောက်ပေမယ့် တခါတလေတကိုယ်ကောင်းဆန်စွာ ချစ်သူကိုပိုင်ဆိုင်ခွင့်ရချင်သည် .. သို့သော် သူ့ကြောင့်ဒီကလေး နစ်နာစေမှာ နာကျင်စေမှာ သေလောက်အောင်စိုးပါသည် .. သူ့အဖြစ်သည်အစွန်းနှစ်ဘက်မှာရပ်နေရသည် .. အစကတော့ မိုက်ရူးရဲဆန်စွာ ဘယ်သူမှမရှိသည့်နေရာသို့ ဒီကလေးနှင့်ထွက်သွားဖို့စဉ်းစားမိခဲ့သော်လဲ အခုတော့ လက်ထဲက ဆေးစစ်ချက်အဖြေက သူ့ကိုခိုင်မာသည့်ဆုံးဖြတ်ချက်တခုကိုပေးခဲ့သည် ..
"ဒေါက်!! ဒေါက်!! ရာရာ .. နုငယ်ပါ ဝင်ခဲ့မယ်နော်"
အပြောနှင့်အတူ တံခါးဖွင့်သံကြောင့် လက်ထဲမှဆေးစစ်ချက်အဖြေစာရွက်အား မမြင်ကွယ်ရာသို့ဖွက်လိုက်ပီး ဝင်လာသူအားပြုံးကာကြိုလိုက်သည် ..
"နုငယ် ဘယ်လိုလို့ရောက်လာတာလဲ"
"ကျောင်းကအပြန်ခဏဝင်လာတာ .. ဖေဖေလဲပါတယ် အောက်မှ ဘိုးဘိုးနဲ့စကားပြောနေတယ်"
"ဟုတ်လား .. ဒီရက်ပိုင်း မေမေနဲ့အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် .. မေမေတောင်ဒီရက်ပိုင်းစာမေးပွဲတွေစစ်ရမှာမို့အလုပ်တွေရှုပ်နေလေရဲ့ .. သိပ်တောင်စကားမပြောဖြစ်ဘူး"
"ရာရာ .. ဆေးလိပ်သောက်တတ်တာလား"
စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်နှင့်ဆေးလိပ်တိုများအားကြည့်ကာမေးလာသည် ..
"အင်း .. တခါတလေမှပါ"
"ရာရာကြိုက်လို့လားဟင် .. နုငယ်တော့ ရာရာ့ကျန်းမာရေးထိခိုက်မှာစိုးတယ်"
VOUS LISEZ
My precious