butterfly ep1

2.7K 48 0
                                    

(unicode )

မိဘမရှိတော့တဲ့နောက်ပိုင်းငယ်စဥ်ကတည်းတဲ့အဖွားဖြစ်သူနဲနေထိုင်ခဲ့တဲ့ရှင်းသန့်လိပ်ပြာ...မျက်လုံးအရောင်ကြောင့်ရွာကလေးတေကြားမှာစနောက်ခံရတဲ့ကောင်လေး..။

  "ဟောဒီဘက်ကပဲပြုတ်.....ရှင်းလေး​ေရပဲပြုတ်မဝယ်တော့ဘူးလား"
ပဲပြုတ်သည်မိပုကလှမ်းအော်လေရဲ့..

"လာပါပြီဗျသားကခုမှဘုရားရှိခိုးပြီးလို့ပါချက်ချင်းလာမရလို့ကြာသွားတာပါအန်တီပုစောင့်ရကြာသွားလား"

"အမလေးအကိုရယ်မကြာပါဘူးကျုပ်လဲခုမှလှမ်းအော်တာပါ..ဒါနဲ့ဖွားမြရောဘယ်မတုန်းဟဲ့"

"ရှိပဗျာ အဖွားကထမင်းအိုးကြည့်လေရဲ့မနက်စောကြွလာတဲ့ဘုန်းကြီးတေလောင်းမလို့ဆိုလေရဲ့....အန်တီပုရဲ့ပဲပြုတ်ကအမျှင်လေးလိုဟာလေးရောပါလား..သားကအဲ့တာလေးတေမှကြိုက်တာ "

အသားရေဖြူဖွေးလေးနဲ့မျက်လုံးရောင်အစန်းလေးရှိတဲ့ရှင်းလေးကသွားအဖြီးသားနဲ့သူ့အကြိုက်မေးလေရဲ့လိမ်မာရေးကြားရှိလို့လူကြီးတေကချစ်နေကြတာ။

"ပါပတော်.ပါပ အကိုအတွက်ဖယ်ပေးပြီးသားပါတော်..ကျုပ်သိပါတယ်အမလေး."

အန်တီမိပုကအသည်းတယာယားနဲ့ကြည့်နေလေရဲ့..။

ရှင်းလေးလဲပဲပြုတ်ယူပြီးအိမ်ပေါ်ပြေးတတ်လေရဲ့ဖြူဖြူလုံးလုံးလေးပြေးတတ်တာကြည့်ပြီးပဲပြုတ်သည်အန်တီမိပုကအသည်းယားလေရဲ့ ။

"ဟဲ့မြေးရယ်ဘယ်လိုတေဖြစ်ပြုတ်ကျပါ့မယ်ပြေးတတ်နေတာဘဲအမြဲ..ဒီအဖွားမယ်ပြောရလဲမောပတော်ဒီမြေးကို..ဟင်း...."

"ဟီး....ဖြစ်ပါဘူးဖွားရဲ့စိတ်မပူပါနဲ့သားတတ်နေကြပါဗျ..အော်ဒါနဲ့အဖွားအတွက်သနပ်ခါးသွေးထားတယ်ခြောက်ကုန်တော့မှာဘဲသွားလိမ်းလိုက်..ဆွမ်းအတွက်သားဘဲခူးထားလိုက်မယ်.."

တစ်ယောက်ထဲမြေးလေးကမိဘမရှိပင်မယ့်သိတတ်လိမ်လို့ဒီအဖွားစိတ်ချမ်းသာရပါတယ်...အဖွားမြလဲသူ့မြေးလေးကိုကြည့်ပြီးလိမ်မာရေးကြားရှိတဲ့ကလေးအားကြည်ံပြုံးလေရဲ့...။

ဆွမ်းလောင်းပြီနောက်ကျောင်းသွားဖို့ပြင်နေတဲ့ရှင်းသန့်လေး အသားဖြူပြီးချစ်စရာကောင်းနေတဲ့ကလေးကကျောင်ယဝတ်စုံရောဆိုတော့သန့်ပြီးမျက်နှာလေးဆိုလဲသနပ်ခါးနဲ့ရိုးရှင်းပြီးချစ်စရာကောင်းနေတာဘဲ..။

Butterfly [completed] Where stories live. Discover now