butterfly ep34

637 19 0
                                    

(unicode )

"အင်းး...ဝှား...."

"အာ့...ကျွတ်စ်...ကျွတ်စ်..."

မနက်ခင်း နေရောင်ချည်လေးရဲ့ အနွေးဓာတ်ကြောင့် ရှင်းတစ်ယောက် လူးလှိမ့်ကာ အပျင်းကြောဆန့်တော့ ညက မောင်သောင်းကျန်း ထားတာကြောင့် ခါးအောက်ပိုင်းတစ်နေရာမှ ဆူးအောင့်လာခဲ့တယ်။

"ပြွတ်စ်...မောင့်သည်း morning ပါ"
တိုင်းခန့်လဲ ဘေးက နာတာကြောင့် မျက်နှာလေး မဲ့ကာ နှုတ်ခမ်းလေး ဆူနေတဲ့ ချစ်ရသူအား ကြည့်ကာ တစ်ချက် ပြုံးလိုက်ပြီး နှဖူးလေးကို ငုံနမ်းလိုက်သည်။

"morning ဘိုးတော်!"

"ဟာ...စောစောစီးစီး ကိုကွာ မောင်လို့မခေါ်ဘဲ ဘိုးတော်တဲ့"

"ဟွန့် ပြောမှာပေါ့ ညကများနွားသိုးကြိုးပြတ် တာထက်ဆိုးတယ်လေ မျောက်ဓာတ်လိုက်သလို ရွထားပြီးတော့"

"ဟားဟားး...မောင့်သည်းငယ်ရာ ပေါက်ကရတော့​ပြောပြီ ဘယ်လိုတောင်မျောက်ဓာတ်လိုက်တာလဲ"

တိုင်းခန့်လဲ အသည်းယားစွာ နှာခေါင်းလေးအား ညစ်ကာမေးတော့ ရင်ဘက်ကို အသာရိုက်ကာ...

"ကိုကမြင်းတာကိုသိပေါ့ နာတယ်ပြောလဲ မရ ရပ်ဆိုလဲ မကြားချင်ယောင်ဆောင်"

"သည်းငယ်ကလဲ တစ်ခါတလေဘဲကို အလိုလိုက်လေ အဲ့လိုမဟုတ်ရင် တစ်ရက်တစ်ခါ လုပ်မလား"

"အမလေး တော်ပါဘိုးတော်ရယ် ပြီးရင် ရပ်နိုင်တာလဲမဟုတ်ဘူး ထားပါ ခုမျက်နှာသစ်မယ် ချီပေး "

"ဟုတ်ပြီဗျာ မောင့်သည်းငယ် စိတ်ကြိုက်ဖြစ်စေရမယ်"

တိုင်းခန့်လဲ ရှင်သန်ရာလေးအား အသာပွေ့ကာချီပြီး မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင် ကာ အနွေးထည်အပါးလေးပါထည့်ပြီး အဝတ်လဲပေးလိုက်တယ်။ အောက်ထပ်ကို လဲချီပြီးသားဆင်းလာခဲ့လိုက်တယ်။

"အယ်...ရှင်း နင်နေမကောင်းဘူးလား အနွေးထည်နဲ့ ပြီးတော့ချီလဲချီထားခံရသေးတယ်"

မိလှတစ်ယောက် စားဖို့ပြင်ဆင် နေတုန်း ရှင်းတစ်ယောက်ပုံကြောင့် မေးလိုက်သည်။ မိလှအမေးကြောင့် ပုလဲနဲ့ ကြယ်ပါ အကြည့်ကရှင်းဆီကို ရောက်လာတော့သည်။

Butterfly [completed] Where stories live. Discover now