butterfly ep19

673 22 0
                                    

(unicode )

my heart made a choice and it chose you.
တိုင်းခန့်နဲ့ရှင်းလဲကစားကွင်းနေ့ပြန်လာထဲကအရင်ကထက် ရင်းနှီးနေပြီဖြစ်ပြီး တစ်လပင်ပြည့်တော့မှာဖြစ်သည်။

မနက်မိုးလင်းထဲက ဂနာမငြိမ်ဖြစ်နေတဲ့ bossအားကြည့်ကာ တပည့်တေပါမူးလာတယ်။

"boss ဘာလို့ရှေ့နောက်ခဏခဏ လျှောက်နေတာလဲ"အရဲစွန့်ကာ အာကာမေးတော့

"ဟင်..ကျစ်..ဟိုကွာ လူတစ်ယောက်ကိုအပြင်ခေါ်ပြီးလည်ချင်ရင် ဘယ်လိုပြောရလဲ"

"ဗျာ"bossရဲ့အပြောကြောင့် အာကာပင်ကြောင်သွား

"ဟီး..boss အတာတော့ကျွန်တော်လဲမသိဘူး"

"ဟဲ့ရောင်Hမင်းရောသိလား"
"boss...ဟဲဟဲ...ကျွန်တော်လဲမသိဘူး"

"အားမကိုးရတဲ့ကောင်တေ.. တော်ပြီငါ့ဘာသာပြောမယ်"ဆိုကာ ဟိုဘက်ခြံရဲ့အိမ်ရှေ့သို့သွားပြီဖြစ်တဲ့ bossဖြစ်သူ ဘာ်လိုပြောမလဲချောင်းနေတဲ့တပည့်တေ

"တီးတောင်...တီးတောင်.."

ရှင်းလဲအိမ်ရှေ့ကဘဲလ်သံကြောင့်တံခါးဖွင့်ကြည့်မိတော့ မျက်နှာက ပိုးမသေတဲ့ရုပ်နဲ့ ဘိုးတော်

"အယ် ကိုတိုင်း...လာလေ"

"မလာတော့ဘူး...ကိုပြောစရာရှိလို့လာတာ"ရှင်းအိမ်ထဲခေါ်တော့ ပြောစရာရှိတယ်လို့ဆိုလာတဲ့သူ။

"ပြောလေ"

"ဟို...ရှင်း ကို့နောက်လိုက်မလား"

"ဟမ်...ဘိုးတော်...ဘာ..ဘာပြောတာ"

"အမ်...ဟို..ဟို..ကိုနဲ့အပြင်တူတူသွားမလားလို့ပါ"

"အော်...အတာများ ဘယ်လိုတေပြောနေလဲ ငါနဲ့အပြင်သွားမလားပြီးပြီပေါ့"
"ဟီး...ရှင်းပြောတဲအတိုင်းဘဲ"

"အင်းအင်းး..လိုက်မယ်ခဏစောင်​့ အကျီလဲလိုက်အုန်းမယ်"

"အင်း..ကိုကားပေါ်ကစောင့်နေမယ်"ဆိုကာ တပည့်တေအားလှမ်းပြောကာ ကားထုတ်လာခိုင်းလိုက်တယ်။

ရှင်းလဲ တီရှပ်အပွလေးနဲ့ ဘောင်းဘီ အရှည်ပွပွလေး ဝတ်လာလိုက်ပြီး ကားရှိရာလာလိုက်တယ်။

တိုင်းခန့်ကလေးအားကြည့်မိတော့ သူ့ကိုယ်ထက်ကြီးကာပွနေတဲ့ အကျီဝတ်လာတဲ့ကလေးက တကယ် အသေးလေး။

Butterfly [completed] Where stories live. Discover now