butterfly ep12

500 21 0
                                    

(unicode )

ဘာလိုလိုနဲ့အချိန်တေ၊ရာသီတေပြောင်းလဲကာဖြတ်ကျော်လာသည်မှာတစ်နှစ်ဆိုတဲ့အတိုင်းတာတောင်ရောက်တော့မည်ဖြစ်သည်။ဒီကြားထဲအကိုနဲ့လဲအဆက်သွယ်ပုံမှန်ရပြီး ရှင်းရဲ့သင်တန်းကျောင်းကလဲ နောက်တစ်နှစ်သာကျန်တော့သည်။ပုလဲနဲ့လဲအတွင်းသိအဆင်းသိဖြစ်အောင်ရင်းနှီးနေပြီလေ။

အိမ်မှာဒီနေ့ပုလဲ လာမယ်ဆိုလို့ လူစုံပြီးထမင်းတူတူချက်စားရန်ပြင်ဆင်နေကြတာဖြစ်ပြီး၊မိလှ၊ပုလဲနှင့်ရှင်းတို့ကအချစ်ဆုံးသူငယ်ချင်းသုံးယောက်ပင်ဖြစ်နေပြီလေ။

"ဟဲ့..မိလှရေ..လာပါအုန်း..."ဆိုတဲ့ ပုလဲရဲ့အသံကြောင့်အိမ်ရှေ့သို့အပြေးထွက်ကြည်တေ့ာ အမလေး လာပါပြီ တလွဲတေ...

လက်ထဲ၌စျေးဝင်ဝယ်လာပုံရသောအထုတ်များနှင့်ပြည့်နေပြီး ကားတံခါး၌ညှပ်နေတဲ့အကျီအားဆွဲမရလို့ အော်ခေါ်ပုံ ။ အော် ရှိတဲ့သူငယ်ချင်းတေကအလွဲတေကြီး....ဟင်း....ရှင်းလဲသက်ပြင်းချရင်း သွားကူဖို့သာပြင်ရသည်။ မိလှနဲ့တစ်ယောက်တစ်ဝက် ပုလဲလက်ထဲက စားစရာ၊ချက်စရာများအားလွဲယူပြီးအိမ်ထဲဝင်လာလိုက်တယ်။

"ဟယ်..သမီးလေး ရောက်နေပြီကို ဒါကြောင့်မို့အဖွားအသံကြားပါတယ်ထင်တာ"အဖွားစကားအဆုံး..
"ကြားမှာပေါ့အဖွားရဲ့ ပုလဲမအကြောင်းသိသနဲ့ လုပ်ရင်အမြဲလွဲနေတာ ခုလဲကားတံခါးကြားအကျီညှပ်လို့အော်တာ"ဆိုပြီး မိလှကပြောတော့

"ဟဲ့..ငါ့လက်အားရင်နင်တို့တောင်ခေါ်စရာမလိုဘူး။အားပြီးခေါ်နေတယ်မှတ်နေလား"

"မအားလဲ မခေါ်နဲ့ပေါ့ ငါတို့ကျအားလို့လား"ဆိုကာငြင်းနေလို့ကြားကရှင်းကဘဲ..

"လာပါ..နင်တို့ကလဲ လုပ်စရာတေရှိသေးတယ် ကိုက်မနေနဲ့"လို့ပြောတော့နှစ်ကောင်လုံးရဲ့မျက်စောင်းကဒိုင်းကနဲရောက်လာ။အဲ့နှစ်ယောက်မတည့်လဲသူတို့ဘဲ တည့်လဲခွဲမရပြန်။

"မိလှငါ ကြက်သားဝယ်လာတယ်နော်..ဟိုအထုတ်ထဲမှာအာလူးလဲပါတယ်၊ ရော့...ရှင်းဒါက အအေးတေပြီးရင်သောက်ဖို့"ဆိုကာ အထုတ်ထဲက ဝယ်သမျှထုတ်ရင်းခွဲပြောနေလေသောပုလဲ

Butterfly [completed] Where stories live. Discover now