butterfly ep5

613 20 0
                                    

(unicode )

ဟိုနေ့ကအကိုနဲ့ဖုန်းပြောပြီးရှင်းသန့်လဲအကို့အားနိုင်ငံခြားမသွားခင်လေးသွားတွေ့မိကြောင်းအကို့အားပြောတော့အကိုက ကားလက်မှတ်ဝယ်ပေးလိုက်မည်ဖြစ်ကြောင်းပြောလေရဲ့ကားကညနေမှစထွက်မှာဆိုတော့မနက်ကိုအဖွားအားဝိုင်းလုပ်ပေးပြီးအဝတ်လေးတေသုံးရက်စာလောက်ထည့်နေလေရဲ့....အချိန်ကြာကြီးနေချင်ပင်မယ့်အဖွားအားစိတ်မချသည်မို့ခဏသာတွေ့ပြီပြန်ရပါမည်။

"ဖွားရေသားမြို့ထဲခဏသွားမလို့..သားသင်တန်းလေးလဲစုံစမ်းရင်းနဲ့သွားမလို့ပါအဖွားမိလှလဲပါပါတယ်အဖွားရဲ့.."အတာအဖွားဆေးသေချာသောက်နော်အမောမခံနဲ့အအေးမခံနဲ့နော်..သားခဏဘဲနေပြီးပြန်လာမယ်သိလား"
"ဟုတ်ပါတယ်ဖွားမြမှာနှလုံးရောဂါရှိပါတယ်စက်လဲချုပ်နေရတော့အရင်ပျောက်နေတာလေးကခုအသက်လဲရတော့ပြန်ထလာချင်.."
"အေးပါမြေးရယ်...အဖွားကိုမပူပါနဲ့သူငယ်ချင်းတေသေချာသွားနော်...ဂရုစိုက်ကြားလားမြို့မှာကခုလိုမဟုတ်ဘူးကွဲ့...လူပေါင်းစုံနော်သား..သတိလေးတော့ထားကြပေါ့ကွယ်..."

"ဟုတ်ကဲ့ပါ...အဖွားရဲ့...သားအလုပ်လေးပါစုံစမ်းခဲ့မယ်အဖွား...အလုပ်ပြေခဲ့ရင်သားတို့မြို့တတ်ကြတာပေါ့..."

"အေးပါကွယ်...သားပြေသလိုလုပ်ပါအဖွားကလဲအသက်ကြီးနေပါပြီ..ငါ့သားလေးရှေ့ရေးကအဓိကဘဲ..အဖွားကပြေတယ်..." ဟုတ်အဖွား...သားရေချိုးတော့မယ်နော်..."အေးအေး..သားရေအဖွားဝယ်ပေးထားတဲ့အကျီအသစ်လေးဝတ်နော်..."

ရေချိုးပြီးရှင်းသန့်တစ်ယောက်အဖွားမွေးနေ့ကဝယ်ပေးခဲ့တဲ့အကျီလေးထုတ်ဝတ်လေးရဲ့"အသားလေးကဖြူတော့ဘာဝတ်ဝတ်လိုက်နေရောရှင်းသန့်လဲvရှိတ်အကျီပွပွလေးနဲ့ဂျင်းဘောင်းဘီအမဲလေးတွဲယူဝတ်လေရဲ့အနွေးထည်လေးတစ်ထည်တော့ထည့်ခဲ့လေရဲ့ကားပေါ်မှာအေးမှာစိုးရတယ်လေ...။

ရှင်းသန့်လဲအကျီလဲပီးထွက်လာရောမိလှက"ဟယ်..ငါ့သူငယ်ချင်းရယ်နင်ကတကယ်ချောတာဟယ်...ဖြူအုပြီးအကျီအရောင်ကလဲကြက်သွေးရောင်ဆိုတော့ပေါ်နေရော..ငါ့မှာအမေကြီးကျနေတာဘဲဟယ်..." ဟားဟား...နင်ကလဲမြို့သွားမှာလေပြင်ကမှာပေါ့....
"ငါနော်..သိနေတယ်...အဟင်း...."
မိလှစတော့ရှင်းမှာအဖွားသိမှာစိုး၍လက်အားမသိမသာကုတ်ရလေရဲ့....ဒါတောင်ရအောင်စချင်သေးတာ...အဖွားကိုကမြို့တတ်ပြီးသင်တန်းနဲ့အလုပ်စုံစမ်းမယ်အဓိကပြောတာမလား..သိလို့မဖြစ်သေး၊အကိုပြန်လာမယ့်ချိန်မှသာပြောတာပေါ့...

Butterfly [completed] Where stories live. Discover now