butterfly ep48

553 19 0
                                    

(unicode )

"ဗွမ်း...!"

"အဟွတ်....အဟွတ်"

"ဘယ်လိုလဲ သတိရပြီလား..."

ရတီလဲ သူ့လူကိုအချက်ပြကာ သတိမရသေးတဲ့ သူမုန်းလွန်းတဲ့သူကို ရေခဲအပြည့်ပါတဲ့ ရေပုံးထဲကရေတေနဲ့လောင်းချခိုင်းလိုက်တယ်။ နှစ်ပုံးလောက်ဆက်တိုက် လောင်းချပြီးတာနဲ့ သူမုန်းတဲ့ လူကလဲ သတိရလာပြီမို့ နှုတ်ခမ်း တစ်ဖက်စောင်း ယုံပြုံးလိုက်ကာ ခုံပေါ်မှာထိုင်ရင်း ရေတေစိုရွဲစွာနဲ့အတူ ခိုက်ခိုက်တုန်နေတဲ့ ခန္ဓာကိုယ်ကိုသေချာကြည့်ကာ မေးလိုက်သည်။

ရှင်းတစ်ယောက် ဗိုက်အောင့်တာကြောင့် အိမ်သာသွားတုန်း ချွေးတေပြန်လာကာ မျက်လုံးတေ ဝေဝါးပြီး လဲကျသလိုဖြစ်သွားတယ်။အဲ့နောက်ပိုင်း သူဘာမှမသိတော့တာပင်။ ခုသတိရတော့လဲ မီးအလင်းရောင် အနည်းငယ်သာရှိပြီး ကျန်တဲ့နေရာတော်တော် များများကမှောင်မဲနေတာပင်။ သို့သော် သူ့အနီးနားမှာမတ်တပ်ရပ်နေတဲ့ လူတေနဲ့အတူ မျက်နှာချင်းဆိုင် ရှေ့တည့်တည့်က သူမကိုတော့ သေချာမြင်ရပါသေးသည်။ ရှင်းလဲ လောင်းခံလိုက်ရတဲ့ရေခဲရေ တေကြောင့် တစ်ကိုယ်လုံး စိုရွဲကာ အေးနေပင်မယ့် သူ့ရှေ့က သူမကိုတော့ ခပ်တည်တည်သာ စိုက်ကြည့်နေလိုက်သည်။

"ရှင်က တော်တော်စောက်ကြောမာတာဘဲ ဒီလောက် ကြိုးတေနဲ့ချည် ရေခဲရေတေ လောင်းချထားတာတောင် ကျွန်မကို သေချာကြည့်နိုင်သေးသားဘဲ "

"ဟက်...ငါထင်ပါတယ် မင်းမှန်းလဲ ဒါနဲ့ငါ့ကိုဖမ်းထားတဲ့နေရာက လုံခြုံရဲ့လား တော်ကြာမင်းတို့ ဒုက္ခရောက်နေပါ့မယ်"

ရှင်းလဲ တစ်ချက်ပြုံးကာ မေးလိုက်သည်။ သူမေးတာမှန်တယ်လေ မောင်ကခုဆိုလာတောင်လာနေလောက်ပြီ သူတို့နေရာကိုရှာဖို့ခက်ခဲတဲ့ အရာမှမဟုတ်တာ။

"ဖြန်း...!"

"ရှင်က ခုထိဘယ်သူကဒုက္ခရောက်နေလဲ သေချာမသိဘူးထင်တယ် "

ရတီလဲ ထိုင်နေရာမှထကာ သူ့ရှေ့ကလူရဲ့ ပါးကိုတစ်ချက်ရိုက်လိုက်ပြီးမှ မေးလိုက်သည်။

"ထွီ..."

"ငါသိပါတယ် ဖမ်းခံထားရတာငါပါ ဒါပင်မယ့်ငါမကြောက်ဘူးလေ ကြောက်စရာ​စောက်ကြောင်းကိုမရှိတာပါ ငါ့ယောက်ကျားကခဏနေရောက်လာမှာ သေချာတယ် နေရာလုံရင်တောင်အများဆုံးနာရီဝက်ဘဲ"

Butterfly [completed] Where stories live. Discover now