butterfly ep 46

590 14 0
                                    

(unicode )

ဒီနေ့ မနက်ခင်း မှာတော့ ကျန်တဲ့သူတေအကုန်နိုးနေပင်မယ့် အတွဲလေး နှစ်တွဲက သောင်းကျန်းထားတဲ့ ကိစ္စအချို့ကြောင့် ခုထိမထသေးကြပေ။ ထိုအတွဲထဲမှာမထသေးတဲ့ ကောင်လေးနှစ်ယောက်ရှိသလို ထိုကောင်လေးတေရဲ့ မျက်နှာလေးတေကို ကြည့်ကာပြုံးပြီး ကျေနပ်နေတဲ့သူနှစ်ယောက်လဲရှိနေသည်။

"တယ်ဒီ..."

"ပါးပါး"

တိုင်းခန့်လဲ သူ့ချစ်ရတဲ့အသက်ကို ကြည့်နေတုန်း သားတေရဲ့ အခန်းနဲ့ဆက်ထားတဲ့တံခါးက ပွင့်လာကာ သူတို့ကိုခေါ်တဲ့ မပီတပီအသံလေးတေနဲ့အတူ ဖင်လေးလှုပ်စိလှုပ်စိနဲ့ ယိုင်ထိုးစွာလျှောက်လာတဲ့ သားတေကိုတွေ့လိုက်ရသည်။ သူတို့ရဲ့ ခြေထောက်သေးသေး လေးတေနဲ့ အသည်းယား စရာကောင်းအောင် လျှောက်လာတဲ့ကလေးတေကို မွေ့ယာနားရောက်တာနဲ့ ​ကောက်ချီက သည်းငယ်နဲ့သူ့ကြားမှာချပေးလိုက်သည်။

"ပါးပါး အိပ်နေရာလား"

"အင်း သားတို့ပါးပါး အိပ်ပျော်နေတယ် ငြိမ်ငြိမ်လေးနေနော် နောက်မဆိုပါးပါး နိုးသွားလိမ့်မယ်"

"ရှူးး...ပါးပါး အိပ်"

တိုင်းခန့်က နှုတ်ခမ်းပေါ် လက်တင်ကာ အိပ်နေတယ်လို့ပြောတော့ သားငယ်ဂူးဂူးလေးက သူ့လက်သေးသေးနဲ့ သူလုပ်သလိုနှုတ်ခမ်းပေါ်တင်ပြီးရှူးး...ဆိုပြန်လုပ်ပြသေးတာ။ တိုင်းခန့်လဲ သားတေကို အသည်းယားစွာ ပါးလေးတေကိုမွှေးကြူလိုက်သည်။

"သားသားတို့ ဒယ်ဒီ ရေချိုးလိုက်အုန်းမယ် ပါးပါးမနိုးစေနဲ့နော် ပြီးရင်ဒယ်ဒီနဲ့ မနက်စာဆင်းစားမယ်"

"အွန်းအွန်း တယ်ဒီ"

တိုင်းခန့်လဲ အိပ်မောကြနေသေးတဲ့သူလေးရဲ့ပါးကို တစ်ချက်ငုံ့ကာနမ်းပြီး ရေချိုးဖို့ လုပ်ရတော့တယ်။

>>>>>>>

"အင်းး...ဟင်း.."

"ကျွတ်စ်...ကျွတ်စ်...အိပ်အိပ် ကိုယ်ရှိတယ်"

Hတစ်ယောက် သူ့ရဲ့ချစ်ရသူနဲ့ တူတူရှိနေတာကိုမယုံနိုင်သလိုဘဲ ရင်ခွင်ထဲကမျက်နှာလေးကို အသေးစိတ်ကြည့်နေတုန်း လှုပ်ရှားလာတာကြောင့် ကျောလေးပွတ်ကာပြန်သိပ်လိုက်သည်။

Butterfly [completed] Where stories live. Discover now