(unicode )
ရှင်းလဲ ရုံးခန်းထဲမှာ ဘယ်လိုတောင် အိပ်ပျော်သွားလဲမသိ။ဘိုးတော်က ကိုယ့်အကြောင်း နောကျေနေတာမို့ အိပ်အောင် ကျောပွတ်ခေါင်းပွတ် လာလုပ်တာ ကိုယ်ကလဲ အဲ့တာမျိုးဆို သေတာလွန်ရော။ ခုနိုးလာလို့ ဆိုဖာပေါ်ကထကာ ကြည့်တော့ သူ့ဆုံလည် ကုလားထိုင်၌ လက်တန်းပေါ် လက်တင်ကာ ခေါင်းကာထောက်ပြီးအိပ်ပျော်နေသူအား တွေ့လိုက်ရသည်။ နက်တိုင်ကလဲ ဖြေလျော့နေပြီး ကျယ်သီးကလဲ ဖြုတ်ထားသေးတယ် ဒါလုံးဝ ဖြားယောင်းနေတာ။ ရှင်းလဲ ကိုယ်ပေါ်မှ စောင်လေးအား အသာဖယ်ကာ ဘိုးတော်အနား ကိုတိုးသွားပြီး မျက်နှာအား အသာကိုင်ထိကြည့်ကာ...
"ဟိ...ချောနေရော...ဘာလို့အဲ့လောက် ဆွဲဆောင်မှုအား ကောင်းနေတာလဲ"ဆိုကာ တိုင်းခန့်ရဲ့ မျက်နှာအား ကိုင်ကာ ရွတ်နေ ရင်း...နှုတ်ခမ်းနား လက်ရောက်တော့....
"ပွတ်သွတ်!!!!"
တိုင်းခန့်က အနားကပ်လာတဲ့ ကိုယ်သင်းနံ့လေးရထဲက သိနေတာပင်။ မှေးနေတာဘဲရှိတာ လုံးလုံးအိပ်ပျော်နေတာမဟုတ်။သူ့မျက်နှာအား သေချာထိကာ ကိုင်နေသူလေးရဲ့ လက်က နှုတ်ခမ်းနား ရောက်လာတော့ ဆွဲယူ ကိုက်လိုက်တာပင်။
"ဘောကို ကိုက်တာလားဘိုးတော်ရဲ့ "ရှင်း ဆဲချတော့ သေချာပြန်ကြည့်လာတဲ့ ဘိုးတော်က...
"မောင့်ကိုဆဲတယ်ပေါ့"
"ဆဲမှာပေါ့ ဘိုးတော်ရဲ့ နိုးနေလဲထပါလား ယားနေလို့ငြိမ်ခံပြီး သူများလက်ကို ကိုက်ရလား သွားယားနေလား ကလေးမဟုတ်ဘဲနဲ့"
ပွစိပွစိ ကစတင်လာပြီ တိုင်းခန့်လဲ အသာပြုံးလိုက်ကာ..."မောင်သွားယားလဲ သည်းငယ်ရှိတာဘဲလေ အတာကြောင့်ကိုက်တာ "ဟုပြောတော့
"အော်...ဆန်းတယ်... ကိုက်ချင်တစ်ခြားဟာ ကိုက် ဘောမလို့ လက်ကိုင်ဆွဲကိုက်တာလား"
ဆိုကာ ကိုက်ခံရတဲ့ လက်အား မျက်နှာရှေ့ထိုးပြကာ အသေချာဆဲပြောနေသူ။
"တကယ် တစ်ခြား ဟာပေးကိုက်မှာလား"
"အမလေး...လူယုတ်မာ မျက်နှာနဲ့ အရိုးကိုက်မလားဝယ်ပေးမယ်" ရှင်းသိနေတယ် ဒီလူမှောင်လာတော့မှာ ခုတော့ ကြည့်တာကိုက ပါးချချင်စရာနဲ့။(သားရေ လင်ကို ပြောနေလိုက်)
YOU ARE READING
Butterfly [completed]