butterfly ep47

572 18 0
                                    

(unicode )

ရှင်းလဲ မျက်နှာသစ် ရေမိုးချိုးပြီး မနက်စာစားဖို့ ဆင်းလာလိုက်တယ်။ အောက်ထပ်ရောက်တာနဲ့ ပုလဲနဲ့မိလှက စာရင်းတေလုပ်နေလားမသိ computer တစ်လုံးဆီရယ် စာရွက်တေရယ်နဲ့ ရှုပ်နေလေတယ်။ သူလဲအလုပ်ကိုပစ်ထားတာကြာပြီမို့ သေချာပြန်လုပ်ရတော့မယ် ဒီဇိုင်းတေ ထုပ်ဖို့နီးနေပြီလေ။ ဒီတစ်ခုတော့ မိသားစုဝတ်ဖို့လေး ထုတ်ရမယ် ကလေးတေအတွက်ရောပေါ့ ။ သူ့အတွေးလေးနဲ့သူ သဘောကျစွာပြုံးလိုက်ရင်း အလုပ်လုပ်နေတဲ့ ပုလဲတို့ကို စကားလှမ်းပြောလိုက်တယ်။

"ပုလဲ မိလှ ငါမနက်စာစားပြီးရင် နင်တို့နဲ့တိုင်ပင်စရာ ရှိတယ်  ခဏလေးနော် သွားစားလိုက်အုန်းမယ်"

"အော် အေးအေးး "

"ရှင်း အဲ့မှာစားဖို့အများကြီးလုပ်ထားတယ် နင်ကြိုက်တာစား.... အော် ဒါနဲ့ဆန်ပြုတ်လဲရှိတယ်နော်"

မိလှက ပြုံးစစနဲ့ ပြောလာတော့ သူလဲ မျက်နှာတစ်ချက်ရဲသွားသည်။

"မိလှ..နင်...နင်နော် "

"အဲ ကောင်လေးတစ်ယောက် စကားတေထစ်နေပြီ ငါဘာမှတောင်မပြောမိဘဲနဲ့"

ရှင်းလဲ မိလှကို မျက်စောင်းသေးသေးလေး ထိုးပြီး နှုတ်ခမ်းလေးဆူကာ ထမင်းစားခန်း ထဲဝင်လာလိုက်သည်။နောက်မှာတော့ ရီနေတဲ့အသံက ကျန်ခဲ့တာပေါ့။

"ဟွန့် သူများကို လိုက်စနေတယ် အဲ့တာဘိုးတော်ကြောင့်"

"ဟောဗျာ မောင်ကဘာလို့တုန်း"

တိုင်းခန့်လဲ သားတေကိုမုန့်ခွန့်နေရင်း နှုတ်ခမ်းလေးဆူကာ သူ့ကိုပါပြောရင်း ဝင်လာတာမို့ မေးလိုက်သည်။ သားတေမှာလဲသူတို့ ပါးပါးရဲ့ ပုံစံလေးကိုသေချာကြည့်နေကြသည်။

"ဘာဖြစ်ရမှာလဲ မိလှလေ လူကိုဆန်ပြုတ်ရှိတယ်တဲ့ "

"အော် ဆန်ပြုတ်ရှိတယ်ပြောတာဘဲ သည်းငယ်ရဲ့ဘာဖြစ်လို့တုန်း"

"ဖြစ်တာပေါ့ သူပြောနေတုန်းက မျက်နှာကိုကြည့်အုန်း အဲ့ဟာမက မှောင်တတ်တယ် ညကကိစ္စလေ အဲ့တာကိုပြောချင်တာ"

"အော် အဲ့တာက သည်းငယ်ဘဲ စခံရတာမဟုတ်ဘူး အာကာလဲ ခံရမှာ စောစောကHလာပြောသွားတယ် အာကာနေမကောင်းလို့တဲ့"

Butterfly [completed] Where stories live. Discover now