butterfly ep44

555 15 0
                                    

(unicode )

ဒေါ်ခင်မာယာလဲ သူမရဲ့ အမှားတေ ဝန်ချတောင်းပန်တာကို လက်ခံခွင့်လွှတ်ပေးလို့ ဝမ်းသာရသလို သူမရဲ့  အကြံတေ ဒီကလေးအပေါ်ပြောဆိုခဲ့တဲ့ စကားတေ သူ့ကို ဒုက္ခပေးခဲ့တာတေက ဆိုးလွန်းခဲ့တာကို အမုန်းဆက်မပွားဘဲ ခွင့်လွှတ်ပေးတဲ့ ဒီကလေး ကို အားနာရပါတယ်။ mallကိုလဲ ပြန်လွဲပေးလာပြီး ပျော်ရွှင်တဲ့မိသားစုအသိုင်းဝိုင်းလေးဘဲ ဖြစ်ချင်ပါတယ် သူ့မှာလဲ သားတေနဲ့အတူ အနားမှာစောင့်ရှောက်ပြီး ချစ်ပေးနေတဲ့ အမျိုးသားရှိနေတာကြောင့် ကျန်တာမလိုတော့ပါဘူးတဲ့လေ။ ဒီကလေး ကို သူမ ရင်ထဲမုန်းခဲ့သလောက် ရင်နှင့်အမျှမိခင်သဖွယ်ချစ်ပေး မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။ ကားပေါ်မှာ အတွေးတေနဲ့ ပြန်လာပြီး အိမ်ရောက်တာနဲ့ ကိစ္စတစ်ခုဖြတ်ဖို့လဲ စဉ်းစားနေပါသည်။

အိမ်ပြန် ရောက်တာနဲ့ ဒေါ်ခင်မာယာလဲ ရတီ့ကို သူမဘက္က သေဘာထားကို ပြောပြဖို့ ဖုန်းဆက်လိုက်သည်။

~Ring...Ring ~~~

"ဟဲလို အန်တီ "

"အေး သမီး ရတီ ကိစ္စလေးတစ်ခုပြောချင်လို့ပါ"

"ဟုတ်ကဲ့အန်တီ ပြောလေ ဒါနဲ့နေရော ကောင်းလား "

"အေးကွယ် ကောင်းပါတယ် ဟိုလေ...အန်တီပြောရမှာ သမီးဘက်ကိုတော့အားနာပါတယ် အန်တီတို့ အကြံတေဖျက်လိုက်ရအောင်"

ရတီလဲ ဒေါ်ခင်မာယာဖုန်းဆက်လာလို့ အကောက်ကြံဖို့ ကိစ္စထင်ပြီး ချက်ချင်းကိုင်လိုက်ပင်မယ့် တွေးတာနဲ့ လွဲမှားစွာ ရပ်စိုင်းဖို့ပြောလာတာကြောင့် တစ်ခုခု ဖြစ်တာသိလိုက်သည်။

"အန်တီ ဘာလို့လဲ ကိုကို သိသွားလို့လား တစ်ခုဖြစ်လို့လားဟင်"

"မဟုတ်ပါဘူးသမီးရယ် ဒီတိုင်းပြောလို့မရတဲ့ ကိစ္စလေး ကြောင့်ပါ "

" သမီးသိလို့မရဘူးလား အန်တီ ဘာလဲဟိုကောင် သိပြီးလာခြိမ်းခြောက်ထားလို့လား အန်တီအဲ့ကောင်ကို ကြောက်စရာမလိုဘူးနော် "

"မဟုတ်တာ သားရှင်းက အဲ့လိုမဟုတ်ပါဘူးကွယ် အရင်ကအန်တီလဲ လမ်းမှာတေလုပ်ခဲ့မိခဲ့တာ ခုပြင်မှရမယ်"

Butterfly [completed] Where stories live. Discover now