butterfly ep35

597 20 0
                                    

(unicode )

"ဒီမှာခဏထိုင်နေအုန်း မောင် လက်မှတ်ထိုးစရာတေ ထိုးပေးလိုက်အုန်းမယ်"

ရုံးခန်းထဲရောက်တာနဲ့ ရှင်းကို ဆိုဖာမှာသေချာထိုင်ခိုင်းပြီး သူ့စားပွဲကိုပြန်သွားကာ အလုပ်လုပ်နေသူ။

ဘိုးတော်က အလုပ်လုပ်နေတာ တကယ်ကြည့်ကောင်းလိုက်တာ။

"ငေးလှချည်လား မောင့်သည်းငယ်"

"ချောလို့ငေးတာလေ မရဘူးလား"

"ရတာပေါ့ဗျာ ငေးတာလဲကြည့်ငေးနော် မောင်စိတ်မထိန်းနိုင်ရင် လာဖက်နမ်းပလိုက်မယ်"

"လုပ်ကြည့်လေ ရုံးခန်းထဲမှာကို မကြောက်မလန့်"
ချစ်ရသူလေး အပြောတေကို သွားတန်းလေးတေ ပေါ်အောင်ထိပြုံးရီလိုက်ပြီး...

"ဒါမောင့် company ပါသည်းငယ်ရဲ့ မောင်မခေါ်ဘဲ ဘယ်သူမှမလာရဲဘူး"
ဆိုကာ လက်မှတ်ထိုးနေတဲ့ ဘောပင်ကိုချလိုက်ကာ ဆိုဖာနားသို့ လျှောက်လာလိုက်တယ်။

"ပွတ်သွပ်!."
အနားရောက်တာနဲ့ ရုတ်တရက် ခါးကနေဆွဲကိုင်ကာ ခါးအားခွစေလိုက်ပြီး ချီလိုက်သူကြောင့် အနည်းငယ်လန့်ကာ ယောင်လိုက်မိသည်။

"ဘိုးတော်!!"

"ဗျာ မောင့်ရှင်သန်ရာလေးရဲ့"

"အခုချပေးနော် လူမြင်ရင်မကောင်းဘူး"

"ချပေးလဲ ပြောသေးတယ် လူမြင်မယ်ဆိုတော့ မောင်က ဘယ်လိုချမလဲ "

"ဒီဖေ....! အင်းဆဲမိတော့မယ် ပေါက်ကရပြောမနေနဲ့ ချီထားတာချခိုင်းတာ"

"no ပါသည်းငယ် " ဆိုကာ ပြောရင်းဆိုရင်း သူ့ခုံမှာ ခွလျှက်သားကိုမချပေးဘဲ ထိုင်လိုက်ကာ စာရင်းတေကို ပြန်ကြည့်နေသူ။

တစ်ခါတလေ ဘိုးတော်ကအဲ့လို မပြောမဆိုအရမ်းလုပ်တာ။ ခုလဲ ကိုယ်မှာ သူ့ရင်ခွက်ထဲ ဖားလေးကားယားနေနေသလိုပင်။

"ဘိုးတော် ရှင်း ပျင်းနေပြီ ခဏလောက် လျှောက်ကြည့်လို့ရမလား"

"ကြည့်လေ သည်းငယ် company အပြင်တော့မသွားနဲ့ အထဲမှာနေ မောင်ဒါလေး ပြီးရင် ပြန်ကြမယ်နော်"

"အင်း ဘိုးတော် မွ! သွားပြီ"
ခွင့်ပြုချက်ရတာနဲ့ ပေါင်ပေါ်ကဆင်းကာ ပါးအားနမ်းသွားပြီး ကလေးလို ပြေးထွက်သွားသူကို ကြည့်ကာ အပြုံးကြီးနဲ့ ကျန်ခဲ့သူ တိုင်းခန့်ပင်။

Butterfly [completed] Where stories live. Discover now