butterfly ep32

578 20 0
                                    

(unicode )

"အကိုလေး...!!"
Hလဲ အကိုလေးကို ချုပ်တာတွေ့တာနဲ့ ခါးကြားထဲက သေနတ်ကိုထုတ်ခါ ချိန်လိုက်သည်။ ထိုလူရဲ့ ခေါင်းမှာသွေးတေစီးကျနေပြီး တုန်ရီစွာနဲ့ အကိုလေးကို ချုပ်ထားတာပင်။ ဒီနေ့မှ ဘော်ဒီဂတ်အချို့ကို အကိုလေးက ထားခဲ့တာပင်။

"H!...အင့်...."

"တိတ်စမ်း!!! အသံမထွက်နဲ့ ဒီမှာဓားနော် တစ်ခါထဲ လည်ပင်း ဖြတ်လိုက်မယ်"

Hလဲ ထိုလူအလစ်မှာ ကုတ်အကျီအတွင်းဘက်က အချက်ပြခလုတ်ကို နှိပ်ပြီး ဂုဏ်းကိုအသိပေးလိုက်တယ်။

"တောက်စ်!!!ဟိုကောင် အကိုလေး ကိုတစ်ချက်ထိရင် မင်းအသက်အသေဘဲ အသက်ရှင်ချင်ရင် ခုလွှတ်"

"ဟားဟားး....သတ်ဖို့လာပါတယ်ဆိုမှ လွှတ်ခိုင်းနေတယ် ရီရပါလားကွ"
အကိုလေး ကကြားခံနေတာမို့ Hသတ်ဖို့က အဆင်မပြေ မတော်တဆ အကိုလေးတစ်ခုခုဖြစ်ခဲ့ရင်မလွယ်။

"တီတီ!!!!!"
အချက်ပေး တဲ့ စက်ရဲ့ အသံတေက ဂုဏ်ကလူတေရဲ့ ဖုန်းတေဆီ တိုက်ရိုက်ဝင်ရောက်လာတယ်။ ဒီအချက်ပေးတာကို ရတဲ့ တိုင်းခန့်လဲ တည်နေရာကြည့်ကာ အမြန်ဆုံးလိုက်လာခဲ့တယ်။

နေရာရောက်တော့ ပါလာတဲ့ ဂုဏ်းသားတစ်ချို့က ချက်ချင်းလဲကျနေတဲ့ သူတေကို ဆွဲယူကာ ဖမ်းထားလိုက်သည်။
တိုင်းခန့်ကတော့ မေးကြောတေပင်တင်းနေကာ နီရဲနေသောမျက်လုံးတစ်စုံနဲ့ ချစ်ရသူလည်ပင်းအား ဓားထောက်ထားတဲ့ ကောင်ကိုသာ စိုက်ကြည့်နေသည်။

"လူစုံပါလားကွ.....ဒီကောင်ကဘယ်လောက်အရေးကြီးတဲ့ကောင်မလို့လဲ "

"ဖယ်လိုက်...!!"
ကြေးစားကောင်က အကြောင်းစုံမသိဘဲ မေးမြန်းရေးလုပ်နေတာ မကြာခင်သူဟာ သေတော့မှာမသိရှာဘူး။

အေးစက်တဲ့လေသံနဲ့ ပြောလိုက်တဲ့တိုင်းခန့်ကြောင့် ကြေးစားတင်မက ဘေးကတပည့်တေပါ လန့်နေရသည်။ boss စိတ်တိုတာ မြင်ဖူးရင် သိလိမ့်မယ်။

"ငါမင်းရထားတဲ့ ပိုက်ဆံထပ်အဆပေါင်းများစွာ ပေးမယ် သူ့ကို လွှတ်လိုက်"

"အိုကေလေ ငါသိန်းငါးထောင်လိုချင်တယ် ပြီးတော့ ငါ့ကိုမသတ်ဘူးဆိုရင်ပေါ့"

Butterfly [completed] Where stories live. Discover now