butterfly ep6

581 14 0
                                    

(unicode )

"ကားကမနက်အစောဆိုက်ပင်မယ့်မြို့ပေါ်မှာကားတေပိတ်တာနဲ့ဆိုတော့...ဟိုတယ်ရောက်တော့ဘဲမနက်ကိုးနာရီလောက်ရှိပြီ ညကလဲကားကစီးအချိန်ကြာစီးခဲ့ရတာကြောင့်ပင်ပန်းပြီအိပ်နေတာ..."
"အင်း....ဝှား.... အယ် ငါအိပ်ပျော်သွားတာ အချိန်တေဘယ်လောက်တောင်ကြာသွားလဲမသိ"
"ဟဲ့ မိလှ"
"ဟဲ့..ထဆို"
"အင်....ဘာ..ဘာလဲဟာ အိပ်နေတာကို"ဆိုရင်းပင်ပြန်အိပ်ဖို့ချောင်းနေသောအမတော်

"အော်...ဟဲ့ အချိန်လဲထကြည့်နေ့လယ်ထမင်းစားချိန်တောင်ကျော်သွားပြီ..ထခု"အဲ့တော့မှကုန်းထ...နာရီကြည့်ပြီး..ဟီးဆိုရီပြသေးတာ။

နှစ်ယောက်သားတစ်လှည့်ဆီအကိုပြခဲ့တဲ့အတိုင်းရေပန်းလေးကျတဲ့ဟာနဲ့ချိုးပြီး၊ အစားတေလဲအခန်းထဲမှာလိုက်ရတယ်၊အကိုကအကြောင်းသိလို့ထင်တယ်အကုန်သင်ပေးသွားပါတယ်။

"မိလှ"
"ငါတို့အခန်းပြင်မထွက်ချင်ဘူးလား.."

"ထွက်ချင်ပင်မယ့်ဟိုဟာကြီးမစီးရဲဘူးဟ နင်ကလဲသေချာစီးတတ်တာမဟုတ်ဘူး..ငါကြောက်တယ်"
"အေးနော်..အဆိုလဲအကိုညနေလာမှဘဲသွားမယ်လေ"

"အင်း"

မိလှနဲ့စကားလေးပြောရင်မှန်ပေါက်နားကကြည့်တော့...အမလေး လန့်တာဆိုတာအောက်မှာကားတေရောတစ်ချို့ဆိုင်လေးတေကအစအကုန်မြင်နေရပါလား၊အောက်ငုံ့ကြည့်တော့မူးသလ်ုဖြစ်လို့ လိုက်ကာပိတ်ပြီးနှစ်ယောက်သားတီဗီသာကြည့်နေတော့သည်။

"ဒေါက်...ဒေါက်"
"ဟဲ့...ရှင်းအခန်းခေါက်နေတယ်ဘယ်သူလဲမသိ သွားအုန်း"

"အော်..အေး"

"ဟာ..အကိုတောင်လာပြီ " အကိုအားပြီမလို့လား...မိလှရယ် အကိုပါဟ။

"ညီတို့အတွက်...မုန့်လေးတေဝင်ဝယ်လို့နည်းနည်းစောထွက်လာတာပါ..အားပါပြီခုက"

"အော်မလိုပါဘူး...မဝယ်ပါနဲ့အကိုရယ် ပိုက်ဆံတေအလကားကုန်တယ်လေ..ညီတို့လာတာနဲ့တင်အကိုတော်တော်ကုန်နေပြီ"

"ညီရယ်...အဲ့လောက်တော့လဲမကုန်ပါဘူး...စိတ်ချပါကပ်စီးနဲ​ရဲ့ အကိုအရမ်းမသုံးပါဘူး" အကိုကပြောရင်းပါးအားလက်တစ်ဖက်ကလှမ်းဆွဲသေးတာ

Butterfly [completed] Where stories live. Discover now