butterfly ep8

481 18 0
                                    

(unicode )

*ရွာပြန်ရောက်ပြီးနေ့ထဲကရှင်းသန့်လဲမြို့မှာကျောင်းတတ်ရန်အတွက်အဖွားနဲ့တိုင်ပင်ကာပြင်ဆင်နေရ၍၊အလုပ်တေရှုပ်နေကာဖြစ်နေလေသည်။မိလှတို့အမေရဲ့အကိုဖြစ်သူအိမ်မှာသွားရောက်နေဖို့မိလှအမေကပြောလေတယ်။မိလှကလဲကျောင်းဆရာမသင်တန်းကျောင်းဆက်တတ်မည်ဖြစ်လို့တူတူသွားနေကြရန်ပြောလေ၏။မိလှဦးလေးကနိုင်ငံခြား၌အလုပ်ဆိုပြီးသွားတာနှစ်တေကြာနေတာတောင်ပြန်မရောက်လာ၍အိမ်ကြီးကလူမရှိလွတ်နေလေရာကျောင်းနှင့်သင်တန်းများအားဆက်တတ်ရန်အဆင်ပြေလေရဲ့။

*အကိုနဲ့ကလဲအဆက်သွယ်ပြတ်သလိုပါဖြစ်နေတယ်😔
​"ရှင်းအားလိုက်ပို့ပြီးပြန်လေသောသီဟမှာအိမ်ပြန်ရောက်တော့မိခင်ဖြစ်သူအားအိမ်ရှေ့၌ထိုင်ရင်းစကားပြောရန်စောင့်နေပုံအားတွေ့လိုက်ရသည်။"

"ကဲ"ဒါဘယ်ကပြန်လာတာလဲသီဟ...
"ဗျာ..အမေဘာလို့လဲ"

"မင်းကောင်လေးတစ်ယောက်နဲ့ကဂိတ်မှာဖက်နေတာငါ့အသိကမြင်လို့ဖုန်းဆ
က်ပြောတယ်..အဲ့အကြောင်းကဘာလဲရှင်းစမ်းသီဟမျိုးထင်..."
အမေမှနာမည်အပြည့်စုံပါခေါ်လာတာမို့စိတ်တိုနေမှန်းသီဟသိလိုက်ပါသည်။

"သားအသိပါအမေရဲ့..ခုကသူကခရီးသွားလို့လိုက်ပို့ရင်းနှုတ်ဆက်တာပါ.."

"ဟင်း"
"မင်းကဒီအမေကိုလှည့်လိုရမယ်ထင်နေတာလား...ရွာမှာမင်းနဲ့တွေ့တွေ့ရတဲ့ကောင်လေးမလား"
"မ...မဟုတ်ပါဘူး..အမေရ"သီဟမှာလဲအမေပြောတာလန့်ပြီးစကားပါထစ်ရင်းငြင်းမိလေတယ်။

"ရိုးရောရိုးလားသီဟ...ယောက်ကျားလေးချင်းကားဂိတ်မှာနမတာဖြင့်သင့်လား....ပြောစမ်း"အမေမှလေသံမှာကျယ်လာရင်း၊မာလာသည်မို့သိသွားပြီဆိုတာသိလိုက်ပါတယ်။

"ငါကသက်သေပုံပါရထားတာ...မယုံဘူးပြောမှာစိုးလို့ဟိုကလဲရိုက်ပို့တော...ငါဘယ်လောက်မျက်နှာပူတယ်မှတ်လဲ...ရောဒီမှာနင့်သက်သေ.."ဆိုကာအမေမှပုံများအားရှေ့မှစားပွဲပေါ်သလို့ပစ်တင်ပြလေမှသီဟလဲအမေ့မျက်နှာအားကြည့်ရင်းဖြေလိုက်မိသည်။

"သား...သားချစ်သူပါအမေ..သားတောင်းပန်ပါတယ်"

"အေး...ငါလဲယောက်ကျားလေးချင်းနမ်းထဲကသိသားပါ...မင်းကြိုက်တဲ့မိန်းမတွဲလို့ရတယ်..ဘာလို့ယောက်ကျားလေးတစ်ယောက်ကိုမှလဲ.."

Butterfly [completed] Where stories live. Discover now