butterfly ep3

665 23 0
                                    

 (unicode )
ဘာလိုလိုနဲ့အကိုပြန်သွားတာတစ်လတောင်ရှိနေပြီအဲ့တစ်လအတွင်းတစ်ခါလေးတောင်မဆက်သွယ်သေးဘူး......
"မြေးရေ...ေမြးခုနောက်ပိုင်းအမြဲမှိုင်နေပြီးတစ်ခုတွေးနေသလိုဘဲ..ဖွားဖြေးဘာတေဖြစ်တုန်းကွဲ့..."

"ဟို..ဘာမှဖြစ်ပါဘူးဖွားရဲ့...သားစာမေးပွဲနီးပြီးမို့ရင်တုန်နေလို့ပါဗျ.."
အဖွားမေးတော့အနားသွားရင်းအဖွားအားဖက်ပြီးဖြေနေတဲ့ရှင်းသန့်လေး.....

မြေးဖွားတေစကားပြောနေရင်းအိမ်ရှေ့မှမိလှကအော်ခေါ်လေရဲ့

"ဟဲ့ရှင်းလေးနင်ဘယ်တေပျောက်....ငါနဲ့လိုက်ခဲ့ပါလားအပြင်ကိုခဏ...."

"ငါကဘာလိုက်လုပ်ရမှာလဲ...အိမ်မှာအဖွားတစ်ယောက်ထဲဟ.."

"အော်မြေးရယ်သူငယ်ချင်းခေါ်နေတာလိုက်သွားလိုက်ပါအဖွားကိုစိတ်မပူပါနဲ့.."

"ဟဲ့မိလှ..အဖွားပြောလို့လိုက်တာနော်..ဟွန့်.."
ဆိုပြီးစိတ်ကောက်သလိုလေးစတော့အဖွားရောသူငယ်ချင်းမကပါရီလေရဲ့...

"အေးပါငနာကောင်ရယ်.."

မိလှနဲ့ရွာထဲလမ်းလျှောက်ရင်အကိုနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အပင်ရိပ်အောက်ရောက်တော့စိတ်ထဲမှာဝမ်းနည်းလာသလိုပင်...

ဒါကိုရိပ်မိတဲ့မိလှက......."ဟဲ့ရှင်းလေးရယ်ငါထင်တယ်နင်ခုလိုဖြစ်မှာ.....ခုထိမဆက်သွယ်ဘူးလား.."

"ဟူး......ငါလဲမသိပါဘူးဟာသူမအားလို့ဖြစ်မှာပါပြန်တုန်းကသူ့ဖုန်းအသစ်ဝယ်ပြီးတာနဲ့ခေါ်မယ်ဆိုပြောတာဘဲ..."

"ကြည့်လဲလုပ်နော်အကို...နင့်လူကမြို့သားဟဲ့နင်ကလဲယောက်ကျားလေးတစ်ယောက်နော်..ဒါပင်မယ့်နင့်ပုံလေးကမိန်းကလေးထက်ချောနေလှနေတာတစ်ခုဘဲ...ငါတော့မြို့သားမယုံပါအေ.."

"ငါကလှတယ်ဖြစ်မလားဟဲ့..နင်ကတစ်မျိုး.."

"ဟဲ့ငနာ..နင့်အိမ်မှာမှန်မရှိဘူးလားကိုယ့်ကိုကြည့်မျက်နှာလေးကလဲပြောရက်စရာမရှိမျက်လုံး....မျက်ခုံး.....မျက်တောင်ဆိုလဲစင်းနေရောလေ..နှာခေါင်းကလဲပြင်စရာမလို..ဟော..နှုတ်ခမ်းကြလဲရဲရဲလေးလို..ဘာကိုမလှသလိုလဲ.."
သူငယ်ချင်းမကပြောလိုက်ရင်အဲ့လိုတေ..ဟုတ်ပါတယ်လေကိုယ်ကလဲအဲ့လိုဖြစ်နေတော့...

Butterfly [completed] Where stories live. Discover now