butterfly ep36

630 15 0
                                    

(unicode )

ဒီမနက်မိုးလင်းလာထဲက ကိုယ်ဆီအလုပ်ရှုပ်နေကြတာပင်။ ရွာသွားလည်ဖို့အတွက် ရှင်းတို့ အဝတ်တေ အသုံးဆောင်တေ သေချာထည့်နေကြတာပင်။ ရှင်းတို့အလုပ်တေက လူယုံတေရယ် ဘိုးတော်စီစဥ်ပေးထားတဲ့ လူတေရှိတာကြောင့်  စိတ်ပူစရာမလိုပေ။ ဘိုးတော်က ဒီနေ့ကိစ္စရှိလို့ဆိုပြီး အပြင်ခဏသွားလေတယ်။

"ဟဲ့ ရှင်း ဒါယူမှာလား"

"အေး အဝတ်တေက ပေါ့ပါးတာထည့်မလားလို့"

"ငါမျက်နှာသစ်တေ ဘာတေ အစုံထည့်ပြီးပြီ "
ရှင်းတို့သုံးယောက်သား ရွာပြန်ရမယ်ဆိုတော့ ပျော်လဲပျော် စိတ်လဲလှုပ်ရှားရင်း အခုလဲ ပစ္စည်းတေစုံလား အဆင်ပြေရဲ့လား စစ်ပြီးထည်​နေတာပင်။ ပုလဲကလဲ ရွာမရောက်ဖူးတာမို့ ပျော်နေလေတယ်။

"မိလှ အန်တီတို့ လာကြိုမှာလား "

"အေး အမေတို့က ကြိုမယ်လို့ပြောနေတယ် "

"အဲ့တာဆို ဖုန်းဆက်လိုက် ရွာအိမ်ကဘဲ စောင့်နေလို့ တစ်ကူးတကကြီး မလာနဲ့လို့ ငါတို့လဲ မှတ်မိနေတာဘဲ"

"အေးအေး ပြောလိုက်မယ် "

"ရှင်း မကြယ်ပြန်မရောက်သေးဘူးလား"

"အမယ်...ပုလဲနော် မမေးစဖူးပါလား"

"ဟာနင်ကလဲ ဒီတိုင်းမေးတာကို"

"အယ် ငါလဲဘာပြောလို့လဲ စိန်ဖူးတော်သွားပင့်တယ်လေ မားနဲ့ပါးက ရောက်မှာမို့ သွားကြိုရင်း စကားပြောနေတယ်ဖြစ်မယ်"
ရှင်းအပြောကို ခေါင်းငြိမ့်ပြီး သူ့အလုပ်သူဆက်လုပ်နေတဲ့ပုလဲ။သေချာကြည့် မယ်ဆိုရင်တော့ စခံရတုန်းက မျက်နှာလေးရဲသွားတာတွေ့ရမှာပင်။

>>>>>>>

"boss မှာထားတဲ့ လက်နက်ကိရိယာ အစုံရပါပြီ ဓားကလဲ သေချာမှာထားတာမို့ အသားလှီးမယ်ဆို အားတောင်စိုက်စရာမလိုဘဲ ပြတ်မှာပါ"

အာကာအပြောကို ကြောက်စရာကောင်းတဲ့ အပြုံးနဲ့ ပြုံးလာတဲ့တိုင်းခန့်။

"အေး ရွာကပြန်လာတာနဲ့ လုပ်ငန်းစမယ် ခရီးမသွားခင် သည်းငယ်ကို စိတ်မပင်ပန်းစေချင်ဘူး "

Butterfly [completed] Where stories live. Discover now