💜𝕱𝖎𝖓𝖆𝖑💜

1K 134 6
                                    

Unicode

"ငါ့အကြွေးငါးရာပြန်ပေး"Final

ပါဝင်သည့်ဇာတ်ကောင်-ဆောင်းအလင်္ကာ
                                        ထွေးဖြူ။

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)

-----------------------💜💜💜-----------------------
စာအုပ်ရောင်းတဲ့လူကြီးကိုထွေးဖြူ‌ပြုံးပြ
လိုက်ပြီးအလင်္ကာရွေးနေတဲ့စာအုပ်တွေကို
ကြည့်နေလိုက်သည်၊

"ဘာစာအုပ်လည်း"

"အချစ်ဝတ္ထုနဲ့သရဲဝတ္ထုဘယ်ဟာယူရင်
ကောင်းမလည်းလို့"

ထွေးဖြူကငြိမ်ပြီးအလင်္ကာ့လက်ထဲမှာကိုင်
ထားတဲ့စာအုပ်ကိုယူပြီးကြည့်လေသည်၊
ပြီးတော့မှနှာခေါင်းရှုံ့ကာ

"ဘာလို့နင်ကအချစ်အကြောင်းတွေဖတ်ချင်
နေရတာလည်း..သရဲစာအုပ်ပဲယူစမ်းပါ"

"ငါချစ်နေတဲ့လူရှိလို့ပေါ့"

မသိမသာထွေးဖြူမျက်နှာလေးကရဲသွား
ပြီးအလင်္ကာ့ကိုအသားလွတ်မျက်စောင်းထိုး
ကာထွက်သွားလေသည်၊အလင်္ကာလည်း
စာအုပ်ရောင်းတဲ့ဦးလေးကိုပိုက်ဆံပေးပြီး
ထွေးဖြူနောက်ကိုအပြေးလိုက်ရတော့
သည်။

"ထွေးဖြူ..ငါ့ကိုစောင့်ပါအုံး"

"ဘာလည်း"

"ငါတို့အတူလျှောက်ကြည့်ကြမယ်လေ"

ထွေးဖြူကဘာမှမပြောတော့တာကြောင့်
အလင်္ကာလည်းဘေးကနေလိုက်လျှောက်
နေတုန်းထွေးဖြူလက်ကိုကိုင်ကာလက်ပတ်
ရောင်းတဲ့ဆိုင်လေးကိုခေါ်သွားလိုက်သည်။

"အစ်မ..ဟိုလေလက်ပတ်လှတာလေးတွေ
ပြပါလား"

"ဪ..ဒါလေးတွေရော"

ထိုအစ်မပေးတဲ့လက်ပတ်ကိုကြည့်လိုက်တော့
အပြားကြီးကြီးအမည်းရောင်နဲ့အဖြူရောင်
ကိုတစ်ခုစီထည့်ပြီးသီထားတဲ့လက်ပတ်
လေးပေ၊ထွေးဖြူလက်လေးတွေက
သွယ်သွယ်သေးသေးလေးတွေမို့ဒီဟာကြီးနဲ့
မလိုက်လောက်ပေ၊အလင်္ကာ‌ကိုယ်တိုင်ပဲ
လိုက်ကြည့်လိုက်တော့ကြည်ပြာရောင်
ကျောက်လေးတွေနဲ့အဖြူအကြည်ရောင်
လေးတွေတစ်ခုစီသီထားတဲ့အလျှော့အတင်း
လုပ်လို့ရတဲ့လက်ပတ်လေး၊

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Where stories live. Discover now