Unicode
"မှော်သစ်ပင်ရေးတဲ့ဖူးစာ"Part.3
ပါဝင်သည့်ဇာတ်ကောင်-နှောင်းခါတော်မီ
ခွန်းရွှေကြာ(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💙💙💙-----------------------
မျက်တောင်လေးတဖျပ်ဖျပ်ခတ်ရင်းအိပ်ချင်
မူးတူးလေးနဲ့ရွှေကြာကခါတော်မီ့ရင်ခွင်ထဲ
ဝင်လာလေသည်၊ခါတော်မီပြုံးလိုက်ကာ
ရွှေကြာ့ခါးကိုဖက်ထားလိုက်သည်၊ခဏကြာ
တော့နိုးနိုးကြားကြားရှိလာတဲ့ရွှေကြာကရင်ခွင်
ထဲကရုန်းထွက်ပြီးခါတော်မီ့ကိုပေစောင်းစောင်း
ကြည့်သည်။"ထတော့မယ်"
ပြောပြီးတာနဲ့ရွှေကြာကရေချိုးခန်းထဲဝင်မလို့
ကုတင်ပေါ်ကထသွားလေသည်၊ပြီးမှချောင်း
ဟန့်ကာလည်ပင်းကိုပွတ်ပြီး"ရှင်ပဲအရင်ဝင်လိုက်ပါ"
ထိုသို့ပြောပြီးခုံပေါ်ကိုဝင်ထိုင်နေလေသည်၊
ခါတော်မီလည်းခေါင်းငြိမ့်ပြလိုက်ကာရေချိုး
ခန်းထဲအရင်ဝင်ပြီးရေချိုးလိုက်သည်၊ခါတော်မီ
ပြန်ထွက်လာမှရွှေကြာကရေဝင်ချိုးသည်၊
မနက်စာပြင်ရန်အောက်ကိုဆင်းလာလိုက်ပြီး
ရေခဲသေတ္တာထဲကဟင်းသီးဟင်းရွက်တွေကို
ထုတ်လိုက်သည်၊အရွက်ကြော်ဖို့အာရုံရောက်
နေတာနဲ့ရွှေကြာဆင်းလာတာကိုသတိမထား
မိလိုက်ပေ၊ရွှေကြာလည်းဟင်းချက်နေတဲ့
ခါတော်မီ့ကျောပြင်ကိုကြည့်ရင်းမှတ်ချက်
အမျိုးမျိုးပေးနေမိသည်။"ဪ..ခွန်းငါ့ကိုရေခဲသေတ္တာထဲကကြက်ဥ
တစ်လုံးလောက်ယူပေးပါလား""ဟင်!"
ခွန်းလို့ခေါ်လိုက်တာကိုသေချာကြားလိုက်တာ
ကြောင့်ခဏကြောင်သွားပေမဲ့ပြီးမှခေါင်းငြိမ့်
ပြီးရေခဲသေတ္တာကိုဆွဲဖွင့်လိုက်သည်၊ကြက်ဥ
ထည့်ထားတဲ့အကန့်လေးကိုမတော်တဆဆွဲ
လိုက်မိတော့ပြုတ်ထွက်သွားတာကြောင့်
ရွှေကြာ့ကိုယ်လေးဆတ်ကနဲတုန်သွားလေ
သည်၊ကိုယ့်ကြောင့်မို့ပျက်စီးသွားတာလေ၊
အလန့်တကြားခါတော်မီ့ကိုလှမ်းကြည့်လိုက်
ပြုတ်ထွက်သွားတဲ့အကန့်ကိုကြည့်လိုက်လုပ်
နေရင်းရွှေကြာပြာယာခတ်နေလေသည်။
ESTÁS LEYENDO
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
Historia CortaGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)