ရင်တွင်း၌ဖြစ်တည်သော

793 87 4
                                    

Unicode

"ရင်တွင်း၌ဖြစ်တည်သော"Part.1

ပါဝင်သည့်ဇာတ်ကောင်-ထားလက်ပန်
                                         ပျိုနုရွယ်ဇင်

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------🧡🧡🧡-----------------------
အိမ်ထဲကိုဖြည်းဖြည်းချင်းဝင်လာတဲ့ခြေထောက်
ဖွေးဖွေးလေးတွေကအသံတစ်စုံတစ်ရာလေး
တောင်မထွက်အောင်ဂရုစိုက်လျက်၊ပေါင်ထိ
ဟာလာဟင်းလင်းမြင်နေရအောင်ဝတ်ဆင်
ထားကာအပေါ်မှာလည်းဗိုက်သားဖြူဖြူလေး
တွေပေါ်သည်အထိဝတ်ထားသေးသည်၊
ဆံပင်ကိုခပ်မြင့်မြင့်စုစီးကာမျက်မှန်ကတက်
ထားသေးသည်၊ထိုခြေထောက်ဖွေးဖွေးလေး
တွေပိုင်ရှင်ကတံခါးကိုအသာပြန်ပိတ်ပြီး
တစ်လှမ်းချင်းလျှောက်နေလေသည်၊ခြေဖဝါး
လေးတွေရဲတွတ်နေသည်အထိနုနယ်လိုက်ပုံ
များပိုးသားလေးပမာ၊

"ဒါဘယ်ကပြန်လာတာလည်း!!"

တုန်ကနဲနေအောင်လန့်ဖြန့်သွားပြီးဧည့်ခန်းဘက်
ကိုရှုံ့ခွက်နေတဲ့မျက်နှာနဲ့လှည့်ကြည့်လာသည်၊
အိပ်နေပြီထင်လို့အိမ်ပေါ်တန်းတက်မလို့ကို
ဘာလို့ဧည့်ခန်းထဲမှာရှိနေရတာလည်း။

"ငါမေးနေတယ်လေ"

"ဟို..ဟို"

"ပျိုနုရွယ်ဇင်!"

ပိရိသေသပ်သောအသံနဲ့နာမည်အပြည့်အစုံ
ခေါ်လိုက်ပြီဆိုတည်းကရွယ်ဇင်ဒူးထောက်ထိုင်
ချကာလက်အုပ်လေးချီပြီးမျက်နှာမဲ့မဲ့နဲ့
တောင်းပန်ရလေတော့သည်။

"ပျို'တောင်းပန်ပါတယ်တီလေး"

လက်ပန်သူ့အရှေ့မှာဖြစ်ချင်တိုင်းဖြစ်နေတဲ့
အမျိုးသမီးငယ်အားစိတ်ပျက်သလိုကြည့်
လိုက်မိသည်၊‌ခြေထောက်တစ်ချောင်းလုံး
မလုံမခြုံဝတ်ထားရလောက်အောင်ပျိုနုရွယ်ဇင်
တို့ကသတ္တိတွေကောင်းနေတာ၊အိမ်ထဲကနေ
တောင်ခိုးထွက်ရဲတဲ့အထိသတ္တိတွေရှိနေတာ။

"မင်းဖြစ်နေတဲ့ပုံစံကိုမင်းပြန်ကြည့်စမ်း"

"ဟင့်..တီလေးကလည်းဒီလိုဝတ်တာ
ဘာဖြစ်လို့လည်း"

"ငါ့ကိုပြန်ပြောနေတာလားပျိုနုရွယ်ဇင်!"

လက်ပန်အော်လိုက်တော့လည်းခေါင်းတွေ
အတင်းခါပြီးငြင်းလေသည်၊ကိုယ်ကတော့
အခန်းထဲစောစောဝင်သွားလို့အိပ်ပြီထင်နေ
တာ၊သူကတော့အပြင်ခိုးထွက်သွားသည်တဲ့၊
ဒီလောက်တင်းကျပ်ထားတဲ့ကြားကနေတောင်
ဒီကလေးခိုးထွက်သွားရဲတဲ့အထိဆိုးလွန်းနေ
သည်။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Donde viven las historias. Descúbrelo ahora