Unicode
"အချစ်ဦးမို့ရူးသည်"Part.2
ပါဝင်သည့်ဇာတ်ကောင်-ဇင်ယော်သွန်း
ဆည်းဆာရောင်ခြည်(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💛💛💛-----------------------
လက်ထပ်စာချုပ်မှာလက်မှတ်လေးတစ်ခု
ထိုးလိုက်ပြီးနောက်မှာပဲဆည်းဆာဘဝကို
ဆည်းဆာမပိုင်တော့ပေ၊ဇင်ယော်သွန်းဆီ
မှာပဲလက်မှတ်လေးတစ်ခုနဲ့အပိုင်သိမ်းခြင်း
ခံရသည်၊ကားပေါ်မှာထိုင်လိုက်လာရင်း
ခေါင်းကိုကားမှန်ဘက်အတင်းတိုးထားလိုက်
သည်၊ငါနဲ့လက်ထပ်ပြီးအတူဖြတ်သန်းရမဲ့
လူကနင်တဲ့လားဇင်ယော်သွန်းရယ်။"ခေါင်းကိုဒီဘက်တိုး"
"ငါ့ဘာသာဘယ်လိုနေနေနင်နဲ့မဆိုင်ဘူး!"
"ငါကနင့်မိန်းမ..ငါပြောတဲ့အတိုင်းနင်လုပ်
ရမှာပဲဆည်းဆာ""ငါကတော့နင့်ကိုလုံးဝလက်မခံဘူး!
မဖြစ်နိုင်လို့သာသည်းခံပြီးလက်ထပ်လိုက်
ရတာ"ဆည်းဆာကပြောပြီးကားမှန်ဘက်ကိုပြန်တိုး
သွားလေသည်၊သွန်းလည်းစိတ်ကိုလျှော့ကာ
ဆည်းဆာကိုလွှတ်ထားလိုက်တော့သည်၊
မာနကတော့အရင်ကလိုပဲနည်းနည်းမှမလျော့၊💐💐💐
ကားလေးကနှစ်ထပ်တိုက်အပြာရောင်လေး
ရှိရာခြံထဲကိုဝင်လာပြီးရပ်သွားလေသည်၊
သွန်းအရင်ဆင်းလိုက်ပြီးအနောက်ခန်းက
အထုတ်တွေကိုအလုပ်သမားတွေအား
သယ်ခိုင်းပြီးသည်အထိဆည်းဆာကကား
ပေါ်ကမဆင်းသေး။"မဆင်းသေးပဲဘာလုပ်နေတာလည်း"
"ငါဆင်းချင်ဆင်းမယ်.မဆင်းချင်မဆင်းဘူး
နင်နေရာတကာဝင်ပြီးမရှည်နဲ့ဇင်ယော်သွန်း""အေး!မဆင်းနဲ့ဆင်းတာမဆင်းတာနင့်အပိုင်း
နင်ဆင်းအောင်လုပ်ရမှာကတော့ငါ့အပိုင်း!"သွန်းကဆည်းဆာဘက်ကကားတံခါးကို
ဆွဲဖွင့်ပြီးဆည်းဆာကိုယ်လေးကိုပွေ့ချီလိုက်
လေသည်၊ဆည်းဆာမှာလည်းလန့်သွားတာ
ကြောင့်တစ်ချက်အော်ပြီးခြေချောင်းလေး
တွေကုပ်သွားသည်၊ပြီးမှသွန်းကိုထုရိုက်ကာ
အောက်ချခိုင်းဖို့ပြောသည်၊လူယုတ်မာ
ငါ့ကိုဘယ်လိုတွေလာလုပ်နေတာလည်း။
ESTÁS LEYENDO
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
Historia CortaGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)