သူလိုအပ်နေချိန်တိုင်း

846 77 11
                                    

Unicode

"သူလိုအပ်နေချိန်တိုင်း"Part.1

ပါဝင်သည့်ဇာတ်ကောင်-ကြည်သာလရိပ်
နွေလဝန်းငယ်
ကြည်သာပိုင်ဇေ

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------❤️❤️❤️-----------------------
အိမ်ကိုပြန်လာတဲ့လမ်းမှာငယ်တစ်ယောက်ထဲ
သာရှိသည်၊ပြန်နေကြမို့ကြောက်တာမျိုးတော့
မရှိပေ၊ဒီနေ့အလုပ်ရှာနေရတာနဲ့ညနေစောင်း
သွားတာပင်၊အလျှော့မပေးချင်တဲ့စိတ်ကြောင့်
ဆက်ပြီးအလုပ်ရှာခဲ့ပေမဲ့မိုးချုပ်သွားရုံအပြင်
အလုပ်တော့ရမလာခဲ့၊အင်းလေ..လွယ်လွယ်
ကူကူရတဲ့အရာဆိုတာရှိမှမရှိပဲ၊လူလတ်တန်းစား
တွေဆိုတော့လည်းအလုပ်ရဖို့ခက်ခဲမယ်ဆိုတာ
ငယ်တွေးထားပါသည်၊ငယ်ကတစ်ကောင်ကြွက်
အိမ်မှာသူငယ်ချင်းနဲ့အတူနေတယ်၊သူငယ်ချင်း
ဖြစ်သူကလည်းငယ်ငယ်တည်းကကျောင်းအတူ
တက်ခဲ့ကြတာဖြစ်ပြီးငယ့်အိမ်မှာလာနေ နေတာ
ဖြစ်သည်၊တရွေ့ရွေ့နဲ့စိတ်ဓာတ်ကျစွာလျှောက်
လာရင်းလမ်းအချိုးတစ်ခု၌လက်ကိုဆွဲကာ
ခေါ်သွားခံလိုက်ရသည်၊ဘေးကသစ်ပင်ကို
ဖိကပ်ခံလိုက်ရပြီးတပြိုင်တည်းငယ့်ပါးစပ်ကို
ပါလက်ဖဝါးနွေးနွေးကအုပ်လာလေသည်၊
မျက်စိစုံမှိတ်ကာရုန်းကန်နေပေမဲ့တစ်ဖက်လူ
ကိုမယှဉ်နိုင်ပေ၊အော်ပြီးအကူအညီတောင်းရန်
ကြိုးစားနေတုန်းနားထဲပြန့်လွင့်လာတဲ့အသံ။

"ငါကြည်သာလရိပ်ပါငယ်"

"ဟင်!"

ငယ့်မျက်လုံးတွေပြန်ဖွင့်လိုက်ပြီးလရောင်ခပ်
မှိန်မှိန်ကြားကမြင်နေရတဲ့မျက်နှာချောချောကို
ကြည့်နေမိသည်၊လရိပ်ကငယ့်ကိုပါးစပ်ပိတ်
ထားရာမှဖယ်ပေးသည်၊အံ့ဩမှုကြောင့်ငယ့်
မျက်ဝန်းညိုလေးတွေမှာပြူးကျယ်နေပြီး
နှုတ်ခမ်းနှစ်လွှာကလည်းပွင့်ဟနေလေသည်၊
ဘယ်လိုဖြစ်လို့ဒါကဖြစ်နိုင်မှာလည်း၊မြင်ယောင်
နေမိတာလား၊ငယ်အနှစ်နှစ်အလလချစ်နေခဲ့ရ
တဲ့Crushကအခုငယ့်ရှေ့မှာ၊

"လ.လရိပ်..နင်ကဘယ်လိုဖြစ်ပြီး"

"ငါနင့်ကိုလာခိုးတာ"

"ဘာ!"

ငယ်အလန့်တကြားထအော်တော့လရိပ်က
ငယ့်ပါးစပ်ကိုလာပိတ်ပြန်သည်၊ငယ်အိမ်မက်
‌မက်နေတာတော့မဟုတ်တော့ပေ၊ယုံလည်း
မယုံနိုင်သလိုငယ်ကိုယ်တိုင်လည်းမယုံပေ၊
ငယ့်ကိုလရိပ်ကအပြင်မှာတွေ့ရင်တောင်
ခပ်စူးစူးအကြည့်တွေနဲ့ပဲကြည့်နေခဲ့တာလေ၊
ငယ့်ကိုသူဘယ်လောက်တောင်မုန်းလိုက်လည်း၊
သူ့အပေါင်းအသင်းတွေကြားမှာငယ့်ကြောင့်
အရှက်ရတယ်ဆိုပြီးငယ့်ကိုတွေ့တိုင်းမုန်းနေခဲ့
တာလေ၊အခုတော့ငယ့်ကိုလာခိုးတာဟုပြော
သည်၊လရိပ်မှာချစ်သူရှိသည်လေ၊သူတို့
တစ်ယောက်နဲ့တစ်ယောက်ချစ်နေပြီးမှဘာလို့
လရိပ်ကငယ့်ကိုဒီလိုပြောရတာလည်း၊
လရိပ်ကမိန်းကလေးတစ်ယောက်၊ထိုနည်းတူ
ငယ်ဟာလည်းမိန်းကလေးတစ်ယောက်ဖြစ်
သလိုလရိပ်ရဲ့ချစ်သူအလင်းချိုကလည်း
မိန်းကလေးတစ်ယောက်၊မိန်းကလေးချင်းတူ
တာတောင်အလင်းချိုကိုမှချစ်ပြီးငယ့်ကိုတော့
လရိပ်ကမုန်းနေခဲ့သည်မလား။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Donde viven las historias. Descúbrelo ahora