💛𝑭𝒊𝒏𝒂𝒍💛

979 107 5
                                    

Unicode

"အချစ်ဦးမို့ရူးသည်"Final

ပါဝင်သည့်ဇာတ်ကောင်-ဇင်ယော်သွန်း
                                      ဆည်းဆာရောင်ခြည်

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💛💛💛-----------------------
အသိစိတ်လွတ်ဆေးအခတ်ခံလိုက်ရတဲ့
ဆည်းဆာကသူ့စိတ်တွေဂနာမငြိမ်တော့ပေ၊
ကျောင်းတုန်းကအဖြစ်အပျက်တွေပြန်မြင်
လိုက်၊လက်ထပ်ပြီးသူ့ကိုပြောဆိုနေတဲ့
သွန်းရဲ့ပုံရိပ်တွေကိုမြင်လိုက်နဲ့လုံးဝဆိုးဝါး
နေလေသည်၊ထွေရာလေးပါးပြောဆိုပြီးတော့
ကျောဘက်ကသွန်းအသံကိုကြားတော့မှ
အသိစိတ်ဝင်သလိုခပ်တုန်တုန်လေးလှည့်
ကြည့်လေသည်၊

သွန်းမျက်လုံးတွေကနီရဲနေကာမျက်ရည်မကျ
အောင်ထိန်းချုပ်ထားပုံပင်၊ဆည်းဆာအနား
ရောက်လာကာလက်ကိုဆွဲပြီးခေါ်သွားလေသည်၊
သွန်းနောက်ကနေဆည်းဆာလိုက်ရင်းသူမ
သူငယ်ချင်းတွေကိုလည်းလှည့်ကြည့်မိလိုက်
သေးသည်။

အိမ်ထဲကားဝင်လာတာနဲ့သွန်းကချက်ချင်း
ဆင်းပြီးကားတံခါးကိုဒုန်းကနဲနေအောင်
ပိတ်လိုက်လေသည်၊ဆည်းဆာလည်းပူထူ
နေလေပြီ၊ဘာဖြစ်နေမှန်းလည်းမသိပေမဲ့
သွန်းအခုလိုမျိုးဖြစ်နေတာကိုတော့မမြင်ချင်
‌တာအမှန်ပင်၊အိမ်ထဲဝင်သွားလိုက်တော့
သွန်းကဆည်းဆာကိုစိုက်ကြည့်သည်။

"မင်းဘဝကိုထိန်းချုပ်ချင်နေတာမဟုတ်ဘူး
ငါ့အနားမှာမင်းရှိနေရင်ကိုပြည့်စုံနေပြီမို့
ငါကြိုးစားပြီးမင်းကိုလက်ထပ်ခွင့်ရအောင်
လုပ်ခဲ့တာ..ဒီလိုအခြေအနေရောက်လာ
အောင်ငါဘယ်လောက်ကြိုးစားခဲ့ရတယ်
ထင်လည်း..ဒါပေမဲ့အပြုံးမပျက်ခဲ့ဘူး
အဲ့ဒါကငါ့ရဲ့ခပ်ရေးရေးလေး‌သာရှိတဲ့
မျှော်လင့်ချက်လေးကြောင့်ပဲ..အဲ့ဒီမျှော်လင့်
ချက်ကမင်းပဲ..ငါရုပ်ဆိုးလို့ဆင်းရဲလို့
မင်းလက်မခံနိုင်လို့ငါပြောင်းလဲချင်ခဲ့တာ
မင်းဘဝရဲ့တက်လမ်းတွေကိုငါကပိတ်ပစ်
လိုက်သလိုမျိုးဖြစ်သွားသလားဆည်းဆာ
ဟုတ်မှာပါ..ငါ့လိုလူဘယ်လောက်ပြောင်းလဲ
သွားသွားတုံးအနေတုန်းပဲဖြစ်မှာ..ဖြစ်ပါစေ
ဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိခဲ့ဘူး.ငါနဲ့လက်ထပ်
လိုက်လို့မင်းဘဝကြီးအဓိပ္ပါယ်မဲ့သွားလိမ့်
မယ်လို့ငါမထင်ထားလိုက်လို့ပါ..ဘာလို့ဆို
ငါမင်းကိုချစ်နေဖို့ပဲသိတဲ့လူတစ်ယောက်မို့လို့
ငါဆိုတာမင်းအတွက်အရေးမပါတဲ့အမှိုက်ဆို
တာကိုတော့မခံစားနိုင်ဘူး..ငါ့ရင်ဘက်ထဲက
နာတယ်ဆည်းဆာ..မင်းကိုရူးလောက်အောင်
ချစ်နေတယ်..အရာရာပြောင်းလဲခဲ့တဲ့အထိ
မင်းကိုချစ်တယ်ဒါပေမဲ့မင်းအတွက်တော့
ငါကအမှိုက်သက်သက်လား!ငါကမင်းကိုစိတ်
ရှုပ်အောင်လုပ်မိနေပြန်ပြီ..ငါနဲ့အတူတစ်အိမ်
ထဲမှာနေရတာမင်းစိတ်ရှုပ်နေတာပေါ့!ငါသာ
မရှိတော့ရင်မင်းဘဝကလည်းဒီလိုစိတ်ဆင်းရဲ
နေမှာမဟုတ်ဘူးဆို..ငါမင်းကိုစိတ်ဆင်းရဲစေ
မိပြန်တာလား..ငါသာမရှိတော့ရင်တစ်ကယ်
ပျော်မှာလားဆည်းဆာ..ငါကတော့မင်းမရှိရင်
မပျော်နိုင်ဘူး..ဒါပေမဲ့မင်းဆန္ဒကပဲအရေး
ကြီးတာပါ..မင်းဆီကမုန်းတယ်ဆိုတဲ့စကား
ကိုငါကြားလိုက်တိုင်း..ဒီနေရာကနာတယ်"

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Onde histórias criam vida. Descubra agora