Unicode
"မှော်သစ်ပင်ရေးတဲ့ဖူးစာ"Part.1
ပါဝင်သည့်ဇာတ်ကောင်-နှောင်းခါတော်မီ
ခွန်းရွှေကြာ(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💙💙💙-----------------------
ငှက်အော်သံလိုလိုသစ်ရွက်ကြွေသံလိုလို
တဖွဲဖွဲကြားနေရတဲ့အသံတွေကတောအတွင်း
ထဲအတိုင်းသားရှိနေလေသည်၊ရေတံခွန်ကနေ
စီးကျနေတဲ့စမ်းချောင်းလေးမှာလည်း
ငွေဖြူရောင်နဲ့ပန်းနုရောင်ရောစပ်ထားတဲ့
ပန်းပွင့်လေးတွေမျောပါနေသေးသည်၊မြေကြီး
မမြင်ရအောင်စိမ်းဖန့်ဖန့်မြက်ခင်းပြင်လေး
တွေသာရှိနေပြီးအဝါရောင်အပွင့်အသေး
လေးတွေကအပင်ပေါ်ကနေကြွေကျနေသေး
သည်၊စမ်းချောင်းထဲမှာမျောပါနေတဲ့ပန်းပွင့်
လေးတွေကိုလှမ်းယူလိုက်တဲ့လက်ဖဝါးနုနု
လေးတစ်ဖက်၊ဒူးလောက်သာရှိသောရေထဲ
ကိုခြေထောက်လေးနှစ်ဖက်တစ်ဖက်ဆီနင်း
ရင်းဆင်းသွားလေသည်၊ကြည်လင်နေတဲ့
ရေကြောင့်ပန်းဆီရောင်သန်းနေတဲ့ခြေထောက်
လေးများကအရှင်းသားမြင်နေရသည်၊"အရမ်းအကြာကြီးမနေနဲ့နော်ရွှေကြာ!"
ခပ်ဝေးဝေးမှာဘေးတိုက်လွယ်တဲ့ခြင်းလေးနဲ့
ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်က
ရေထဲဆင်းဆော့နေတဲ့မိန်းကလေးကိုလှမ်း
ပြောလေသည်၊ရွှေကြာရေထဲဆင်းရင်းကနေအစ်မဖြစ်သူဘက်
ကိုလှည့်ကာစောစောပြန်ခဲ့မယ်ဟုလှမ်းအော်
ပြောလိုက်သည်၊ထိုတော့မှအစ်မကခေါင်း
လေးရမ်းရင်းကြွေကျနေတဲ့ငွေဖြူရောင်ပန်း
ပွင့်လေးကိုကောက်ကာထွက်သွားလေသည်၊
ရွှေကြာရေထဲမှာမျောနေတဲ့ပန်းလေးတွေကို
လိုက်ကောက်ရင်းခြင်းထဲထည့်နေလိုက်သည်၊
ဒီပန်းလေးတွေကရွှေကြာတို့တိုင်းပြည်အတွက်
တန်ဖိုးရှိတဲ့ပန်းထဲကတစ်ခုပေါ့၊သူမနာမည်က
ခွန်းရွှေကြာ၊အစ်မဖြစ်သူနဲ့တောထဲမှာနေရင်း
ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းသည်၊ဘုရင်
အုပ်ချုပ်တဲ့တိုင်းပြည်လေးတစ်ခုဖြစ်ပြီး
မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တာကြောင့်
သာယာလှပတဲ့တိုင်းပြည်လေးအဖြစ်နေထိုင်
ခွင့်ရသည်၊မြို့ထဲမှာသွားနေထိုင်လို့ရပေမဲ့
ရွှေကြာတို့ကတော့တောလေးထဲမှာသာ
အပင်စိုက်ရင်းနေသည်၊ပန်းပွင့်လေးတွေ
အသီးအရွက်လေးတွေကိုဈေးမှာသွားရောင်း
တာကရွှေကြာတို့ညီအစ်မအတွက်လိုတာထက်
ကိုပိုနေပါသေးသည်၊
DU LIEST GERADE
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
KurzgeschichtenGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)