ဒီလိုနဲ့ဂျီမင်းလည်းထယ်ယောင်းကိုသူ့ကားနဲ့အိမ်ကိုပြန်လိုက်ပို့ပေးလိုက်သည်....
( .....................................................)
Tae. အာ့ဆိုငါအိမ်ထဲဝင်တော့မယ်နော်....
Jm. အင်း...ဝင်တော့....
(ထယ်ယောင်းဂျီမင်းကိုနှုတ်ဆက်ပြီးအိမ်ထဲဝင်ဖို့လုပ်နေတုန်းဂျီမင်းကပြန်လှမ်းခေါ်တာကြောင့်လှည့်ကြည့်လိုက်သည်...)
Jm. ထယ်ယောင်းနား....
Tae. ဟင်...ဘာလို့လဲ....
Jm. ဘာမှမဟုတ်ပါဘူး.... ချစ်တယ်လို့....
Tae. ဟမ်....ချစ်....ချစ်တယ်....
Jm. အင်း....ငါသွားပြီ....
ဂျီမင်းအစမရှိအဆုံးမရှိပြောလိုက်တဲ့ချစ်တယ်ဆိုတဲ့စကားကြောင့်ထယ်ယောင်းကြောင်သွားရသည်....ပြန်မေးမယ်ကြံတော့ဒင်းကကားမောင်းပြီးထွက်သွားပြီ....ဒါကြောင့်ထယ်ယောင်းခေါင်းတစ်ကုတ်ကုတ်နဲ့သာအိမ်ထဲဝင်လာတော့သည်....အိမ်ထဲရောက်တော့အိမ်အပေါ်ထပ်တက်ဖို့လှေကားပေါ်ခြေထောက်တင်ယုံရှိသေးဧည့်ခန်းထဲကမေမေလှမ်းခေါ်သံကြားတာမို့လှည့်ကြည့်လိုက်သည်....
T mom. သား...ထယ်ယောင်း....ပြန်လာပြီလား....
Tae. အော်...မေမေ...ဒီနေ့ဆိုင်သိမ်းတာစောလှချည်လား...ဘာလို့လဲနေမကောင်းလို့လား
T mom. နေကကောင်းပါတယ်...တမင် သားကိုပြောစရာရှိလို့ဆိုင်စောစောသိမ်းလိုက်တာ....လာပါဦး....မေမေနဲ့လက်ဖက်ရည်တူတူသောက်ရအောင်....
ပြောကာသူထိုင်နေတဲ့ဆိုဖာဘေးကနေရာကိုပုတ်ပြတာကြောင့်ထယ်ယောင်းသွားထိုင်လိုက်သည်....
Tae. သားကိုပြောစရာရှိလို့....ဘာပြောမလို့လဲမေမေရဲ့....
ထယ်ယောင်းအမေးကိုထယ်ယောင်းအမေက ခွက်ထဲကိုလက်ဖက်ရည်ငှဲ့ထည့်ရင်းပြောလာသည်....
T mom. ဒီနေ့...မေမေဆိုင်ထိုင်နေတုန်းဆိုင်ကိုမေမေ့ငယ်သူငယ်ချင်းလာတယ်...သူနဲ့ကလည်းကွဲသွားတာကြာပြီဆိုတော့အခုမှပြန်တွေ့ရတော့ဆိုင်မှာအကြာကြီးစကားထိုင်ပြောကြတယ်...ငယ်ငယ်ကအကြောင်းလေးတွေလည်းပြန်ဖော်ပြောရင်းပေါ့....ပြောရင်းနဲ့မေမေတို့ကတိပေးထားတဲ့အကြောင်းကိုဆက်ပြောကြတယ်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...