ခြံဝန်းအကျယ်ကြီးရဲ့အလယ်မှာ ခိုင်ခိုင်ခန့်ခန့်နဲ့နေရာယူထားပြီး မီးခိုးရောင်ခြယ်သထားတဲ့ Jeonအိမ်တော်ကြီး....
အိမ်တော်ရဲ့ ဒုတိယထပ် ဝရံတာပေါ်မှာ ပုခုံးပေါ်မှီပြီး ခေါင်းချင်းထပ်ကာ ရူခင်းလေးတွေကိုအတူကြည့်နေကြသည့် ချစ်သူနှစ်ဦး....
''ရှုခင်းလေးကအရမ်းလှတာဘဲနော်မောင်....''
''ဟင့်အင်း....ယောင်းကိုမမှီပါဘူး....'' ဟု ဆိုလေတဲ့မောင့်အပြောကြောင့် ယောင်းမျက်နှာလေး ပြုံးယောင်သမ်းသွားသည်....
''အဟမ်း....မောင်ကတော့လေ....ယောင်းကလှတယ်ပေါ့လေ....''
''ဒါပေါ့....'' ဟု ဆိုကာ ယောင်းရဲ့အနောက်ကိုသွားပြီး ယောင်းရဲ့ပုခုံးပေါ်ကိုလက်တင်ကာ လည်တိုင်လေးကိုသိုင်းဖက်လိုက်သည်....
ပြီးတော့ တစ်နေရာရာကိုလက်ညိုးထိုးညွန်ပြရင်း....
''ယောင်း....ဟိုးးးးနားကသစ်ပင်လေးမှာနားနေတဲ့ငှက်လေးကလှလား....''
မောင် ညွန်ပြတဲ့သစ်ပင်လေးကိုလှမ်းကြည့်လိုက်တော့ ငှက်လေးတစ်ကောင်က သစ်ကိုင်းပေါ်မှာ နားပြီး သာယာတဲ့သံစဥ်လေးကိုတေးဆိုနေသည်....
''လှတယ်လေမောင်ရဲ့....ဟိုဘက်လေးယိမ်းလိုက် ဒီဘက်လေးယိမ်းလိုက်နဲ့တေးဆိုနေတာ ဘယ်လောက်တောင်လှလိုက်လဲ....''
''ဒါဆို....ဟိုးးးးးနားကတောင်ကုန်းကြီးကရော....လှလား.....'' ဟု ဆိုပြီး တောင်ကုန်းရှိတဲ့နေရာကို ညွန်ကာ မေးလေသည်....
''လှတာပေါ့....စိမ်းစိမ်းစိုစိုနဲ့သစ်ပင်တွေလွှမ်းခြုံထားပြီးတော့ ပန်းလေးတွေပွင့်နေလိုက်တာ....ဘယ်လောက်တောင်လှလိုက်သလဲ....''
''ဒါဆို....အဲဒီတောင်ကုန်းအရှေ့က ပန်းခန်းကြီးကရော....လှလား....'' ဟု ထပ်မေးပြန်သည်.....
''အို....ပန်းလေးတွေကပိုတောင်လှသေး....ပြီးတော့ ယောင်းကြိုက်တဲ့ကျူးလစ်ပန်းအဖြူရောင်လေးတွေလေ....ဒါနဲ့ ဘာလို့မေးနေတာလဲမောင်....''
''ယောင်းအပြင်....ဒီမေးခွန်းတွေကိုအခြားသူတွေကိုမေးရင်လည်း ဒီအဖြေတွေဘဲထွက်လာမှာပေါ့....မောင်လည်းအဲလိုဘဲတွေးခဲ့မိတယ်....ဒါပေမယ့်....ယောင်းကိုတွေ့ပြီးတည်းက မောင့်အတွက် ဒီအလှတရားတွေကစာမဖွဲ့တော့ဘူး....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fiksi Penggemartaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...