🌹🌹part 5🌹🌹

470 24 8
                                    

Jk ရေချိုးပြီးလို့အပြင်ထွက်လာတော့...ထယ်ယောင်းကကုတင်စွန်းလေးမှာထိုင်နေလေသည်...

**jk pov-သူ့ကြည့်ရတာ...စိတ်ကူးတွေယဥ်နေပုံရတယ်....ဟက်...**

ထယ်ယောင်းကိုကြည့်ပြီးဟက်ခနဲရီကာသပတ်တစ်ထည်ကိုယူပြီးခန္ဓာကိုယ်ပေါ်ကရေစက်တွေကိုသုတ်ရင်းပြောလာသည်က....

Jk. ဟက်....စိတ်ကူးတွေယဥ်မနေနဲ့....ဒီညငါမင်းနဲ့အတူမအိပ်ဘူး....ဒီညတင်မဟုတ်ဘူး....နေ့တိုင်းမင်းနဲ့အတူအိပ်မှာမဟုတ်ဘူး....

jkပြောတော့ထယ်ယောင်းခေါင်းငုံ့ထားရာကခေါင်းလေးဆက်ခနဲထောင်လာပြီးနားမလည်တဲ့ပုံမျိုးနဲ့ပြောလာသည်....

Tae. ဘယ်လို....အတူမအိပ်ဘူးဟုတ်လား....

Jk. ဟုတ်တယ်...ငါတို့အခန်းခွဲအိပ်မယ်....

Tae. မဟုတ်သေးဘူးလေ....ဒီ​ည
ကယောင်းတို့နှစ်ယောက်ရဲ့မင်ဂလာ​ဦးညလေ...မင်ဂလာဦးညမှာအတူမအိပ်ရဘူးဆိုတာ... ဖြစ်သင့်လို့လား...

Jk. ဖြစ်သင့်တာပေါ့.... မင်းနဲ့ငါနဲ့ကမင်ဂလာဆောင်ပြီးပြီဆိုပေမယ့်...မင်းရောငါရောနှစ်ယောက်လုံးကယောကျားလေးတွေ...အတူမအိပ်လည်းဒီတိုင်းဘဲ.... အတူအိပ်လည်း...ဒီအတိုင်းဘဲ...ဘာမှမဖြစ်လာဘူး...ပြီးတော့...ငါကယောကျားလေးတစ်ယောက်နဲ့အိပ်စရာလား...

Tae. ဒါဆိုဘာလို့... ယောကျား​လေးတစ်ယောက်ဖြစ်တဲ့ယောင်းကိုမှ လက်ထက်ဖို့လက်ခံလိုက်ရတာလဲ....

Jk. ငါကရော...မင်းကိုချစ်လွန်းလို့...တကယ်ချစ်လို့... လက်ထပ်ဖို့လက်ခံလိုက်တာပါလို့...ပြောခဲ့မိလို့လား....ဟမ်...

Tae. ဒါဆိုဘာလို့လဲ...

Jk. အမွေကြောင့်...ငါပိုင်ဆိုင်သမျှအမွေတွေအကုန်လုံးကိုမင်းကြောင့်နဲ့ဆုံးရှူံးလိုက်ရမှာဆိုးလို့...ရှင်းပြီလား...

Tae. မရှင်းဘူး....လုံးဝမရှင်းဘူး...အမွေတစ်ခုတည်းအတွက်နဲ့ကိုယ်မချစ်တဲ့လူတစ်ယောက်ကိုတစ်ဘဝလုံးစာလက်ထပ်လိုက်တယ်တဲ့လား....

Jk. အာ...ဟုတ်သား...မင်းကိုပြောဖို့မေ့နေတာ...ငါမင်းကိုလက်ထပ်လိုက်တဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုရှိသေးတယ်....

''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)Where stories live. Discover now