jkကတော့ သူ့အခန်းထဲမှာရေစိမ်ချိုးနေပေမယ့်....ယောင်းကတော့ အိပ်ရာထဲမှာဘဲ ငိုကြွေးနေသည်....
''မောင် ယောင်းကိုဒီလောက်တောင်မုန်းသလားဟင်....ယောင်းမှာဘာအပြစ်ရှိလို့လဲမောင်ရယ်....ဒါမှမဟုတ်....ယောင်းဖြစ်နေတာကိုက ယောင်းရဲ့အပြစ်လားမောင်ရယ်....''
{📱📱📱📱📱📱📱}
ဖုန်းအသံကြားလို့ ငိုထားတဲ့အသံမပေါက်အောင် ထိန်းရင်း ပြန်ဖြေလိုက်သည်....
''Hello....''
''Hello....ထယ်လေး....''
''အော်အေး....ဂျီမင်းပြော....''
''ဟင်....မင်းကငါ့ဖုန်းနံပါတ်ကိုတောင်မမှတ်မိတော့ဘူးလား....''
''အေး....ငါလည်းမကြည့်မိလိုက်ဘူး....''
''ဒါနဲ့....မင်းငိုထားတာလား....''
ထယ်လေးက ဂျီမင်းရဲ့ကိုယ်ပွားလို့လည်းပြောလို့ရတာမို့ ထယ်လေး ဘယ်လိုအသံအနေအထားဖြစ်နေရင် ဘာဖြစ်နေလည်းဆိုတာတန်းသိသည်....
''ဟမ်....အာ....မငိုပါဘူး....ငါကဘာလို့ငိုရမှာလဲ....''
ဂျီမင်းဆိုသည်မှာ ကျွန်တော့အကြောင်းအကုန်သိနေတော့တာပါလား....
''မင်းငါ့ကိုမညာပါနဲ့....ပြော....ဘာဖြစ်လို့လဲ...''
''ဘာမှမဖြစ်ပါဘူးကွာ....ဒါနဲ့....ဘာဖြစ်လို့ဖုန်းဆက်တာလဲဟင်....''
''မင်းကိုပြန်ပေးစရာလေးရှိလို့....''
''ပြန်ပေးစရာ....ဘာကြီးလဲ...''
''(....)ပန်းခြံကိုလာခဲ့....အိုက်ခါကျ ငါပြမယ်....''
''အိုကေလေ....ငါလာခဲ့မယ်....''
ယောင်းလည်း ငိုထားတာမသိသာအောင် မျက်နှာသစ်လိုက်ပြီး နည်းနည်းပါးပါးပြန်ပြင်ဆင်ကာ ဂျီမင်းဆီကိုသွားလိုက်သည်....
{🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹}
ပန်းခြံရောက်တော့... ဂျီမင်းက ခုံတန်းရှည်တစ်ခုမှာ ထိုင်နေသည်မို့ ဂျီမင်းဆီကိုသွားလိုက်သည်....
''ဂျီမင်းနား....''
''အော်....ထယ်လေး....လာတာမြန်သားဘဲ....လာ ထိုင်လေ....''
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...