Jk ဒေါသတွေအကုန် ကားစီယာတိုင်အပေါ်ပုံချကာ သွေးထွက်နေတဲ့လက်နဲ့ ကားကိုအသားကုန်အရှိန်မြှင့်ပြီးမောင်းတော့သည်....
ကားသာမောင်းနေတာ မျက်လုံးထဲဘာမှမမြင်တော့....လီဂျွန်ဂီဆိုတဲ့ကောင်ပြောသွားတဲ့အသံတွေ လောင်ရယ်သံတွေသာပြန်ကြားယောင်ပြီးဒေါသတွေထွက်နေသည်....ပြီးတော့အိမ်ရောက်ရင် ထယ်ယောင်းကိုလည်းဘယ်လိုပွဲကြမ်းရမလဲဆိုတာတွေးနေမိသည်...
🌹🌹''ကင်ထယ်ယောင်း!!!!ကင်ထယ်ယောင်း....ငါခေါ်နေတာမကြားဘူး....''
အောက်ထပ်ကမောင့်ရဲ့ အလောတကြီးအော်ခေါ်တဲ့အသံကြားတာမို့ အပေါ်ထပ်ကနေအသည်းအသန်ပြေးဆင်းလာတဲ့ယောင်း....
''ယောင်းဒီမှာပါ....ဘာဖြစ်လို့. . .''
အောက်ထပ်ရောက်တာနဲ့ မျက်မှောင်ကြီးကြုတ်ပြီး သူ့ကိုသတ်တော့မယ့်အတိုင်းကြည့်နေတဲ့မောင်ကိုတွေ့လိုက်တာမို့ မောင့်အနားမရောက်ခင်မှာဘဲခြေလှမ်းတို့ရပ်တန့်သွားသည်....
ယောင်း လှေကားအဆင်းမှာတင်ခြေဆုံရပ်ပြီးသူ့ကိုကြောင်ကြည့်နေတာမြင်တော့ ဘွတ်ဖိနပ်သံပြင်းပြင်းနဲ့ ယောင်းဆီအမြန်လျှောက်လာတဲ့jkကြောင့် ယောင်းကြောက်ပြီး နောက်ဆုတ်ကာပြေးမိသည်....
ဘာတွေဖြစ်လာလဲမသိပေမယ့် အိမ်ထဲဖိနပ်မချွတ်ဘဲဝင်လာတဲ့အထိဒေါသတကြီးဖြစ်နေတာမို့ ယောင်းကြောက်မိတာပေါ့....
ယောင်းနောက်ဆုတ်ပြေးရင်း လှေကားအောက်ဆုံးထစ်နဲ့တိုက်ပြီးလှေကားပေါ်လဲကျသွားသည်....ဒါပေမယ့်အရှိန်ထိန်းထားတာမို့ ဖင်ထိုင်ရပ်သာလဲကျသွားသည်....ယောင်းလဲကျသွားတော့ jkကယောင်းနားကိုရောက်နေပြီဖြစ်သည်...သူ့ကိုကြောက်တဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ယောင်းရဲ့မျက်နှာကိုမျက်လုံးစူးစူးကြီးတွေနဲ့ကြည့်ပြီး ယောင်းရဲ့လည်တိုင်ကိုလက်တစ်ဖက်နဲ့ဖိညှစ်ကာဆိုလာသည်....
''မင်း!!!!မင်းကြောင့်ငါ့မာနတွေ...ငါ့သိက္ခာတွေအကုန်မြောင်းထဲရောက်ကုန်ပြီ....မင်းကိုယူလိုက်လို့ငါအရှက်ကွဲနေရပြီ....အဲဒါတွေမင်းသိလား....ဟမ်....''
ယောင်းကိုအကြောင်းအရင်းမပြောပြဘဲ စွတ်အော်ပြောနေတဲ့jk....ယောင်းမှာတော့ လည်ပင်းကလည်းနာ....အော်ကလည်းအော်ခံနေရတော့ ကြောက်တာလွဲ တခြားမသိတော့....ဒါကြောင့်မေးခွန်းသာထုတ်မိသည်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...