ခေါင်မိုးထပ်ကနေ အိမ်ထဲဝင်လာပြီး အောက်ထပ်က ဧည့်ခန်းထဲကိုအတူသွားလိုက်သည်....ဧည့်ခန်းထဲရောက်တော့ မောင့်ကိုဆိုဖာပေါ်ထိုင်ခိုင်းလိုက်ပြီး ယောင်းက ဆရာဝန်ပေးခဲ့တဲ့ဆေးတွေကိုသွားယူနေသည်....
jkလည်း နေလို့မကောင်းသေးတာမို့ ဆိုဖာကိုမှီပြီး မှေးစက်နေမိသည်....ခဏနေတော့ ဖုန်း ringtone အသံကြားရတာမို့ စားပွဲပေါ်က ဖုန်းကိုယူကာပြန်ဖြေလိုက်သည်....
''Hello....''
''Hello....သား....အမေပါ....''
အမေဆိုတာနဲ့ jk ခေါင်းကိုက်လို့ မျက်လုံးများမှိတ်ထားရာမှ အားယူဖွင့်လိုက်ပြီး....
''ပြောပါ....'' ဟု ခပ်ပြတ်ပြတ်ပြန်ဖြေလိုက်သည်....
''Happy birthday ပါသား....''
mrs.jeonပြောလိုက်တဲ့စကားကို အံ့အားသင့်စွာ မျက်ခုံးများမြင့်တင့်သွားသည့်jk....
''အခုပြောနေတာ....mrs.jeonရောဟုတ်ရဲ့လား....''
''ဟုတ်ပါတယ်....အမေပါသား....သားအခုလိုအံ့သြသွားမယ်ဆိုတာ....အမေကြိုတွက်ထားပြီးသားပါ....သားမွေးနေ့ကမနေ့တည်းကပြီးသွားပြီဆိုပေမယ့် ဒီနေ့မှပြောမိလို့ အမေတောင်းပန်ပါတယ်....''
''မတောင်းပန်ပါနဲ့....သားမွေးနေ့က မနေ့ကတစ်ရက်တည်းရှိခဲ့တာမှမဟုတ်တာ....မနေ့ကနဲ့ဆို မွေးနေ့လုပ်ခဲ့တာ26ကြိမ်ရှိခဲ့ပြီ....သားအတွက်က အမေဆီကhappy birthday ဆိုတဲ့အသံမကြားရလည်း နေ့သားကျနေပါပြီ....မလိုတော့ပါဘူး....''
''သားအမေ့ကို နာကျည်းခဲ့မယ်ဆိုတာအမေသိပါတယ်....သားရဲ့ခံစားချက်ကိုလည်းအေမနားလည်တယ်....အမေအခုလိုနေ့မနားညမနား အလုပ်တွေဘဲလုပ်နေခဲ့တယ်ဆိုတာကလည်း သားအတွက်ချည်းပါဘဲ သားရယ်....''
''သားအတွက်....''
''ဟုတ်ပါတယ်....အမေကအသက်ကြီးပြီလေ....တစ်နေ့ အမေအသက်ကြီးလာရင် အမေရဲ့တစ်ဦးတည်းသော သားလေးကို သင့်တော်တဲ့သူတစ်ဦးနဲ့အိမ်ထောင်ချပေးပြီး ကုပ္မဏီကိုလည်း သားလက်ထဲကိုထည့်ပေးဖို့အတွက် အမေစိတ်ကူးထားပြီးသားပါ....အခုကလည်း သားကိုမွေးနေ့လက်ဆောင်အနေနဲ့ ကုပ္မဏီကိုသားလက်ထဲလွှဲပေးဖို့အတွက် သားကိုဖုန်းဆက်တာပါ....''
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...