🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ယောင်းနဲ့ကိုကိုထယ်ကသာ အိပ်မက်ထဲကအတိုင်း တကယ်ဘဲ တစ်ယောက်တည်းဖြစ်နေရင်. . .ဂျောင်ကုဘာဆက်လုပ်မလဲ. . .
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ယောင်း မနက်စာ ပြင်ဆင်ရန် အောက်ထပ်ကိုဆင်းလာခဲ့သည်....
သူ့ရင်ထဲမှာ ပြောချင်နေတာကြာပြီဖြစ်တဲ့ စကားလေးကို မောင့်ထံပြောလိုက်ရလို့ ရင်ထဲ မွန်းကြပ်နေတာတစ်ချို့ပြေလျော့သွားသည်....
ယောင်း ချက်ပြုတ်နေတုန်း အနောက်ကနေခြေသံကြားသည်....မောင် ဆိုတာသိနေတာမို့ လှည့်မကြည့်ဘဲ အလုပ်ကိုသာဆက်လုပ်နေရင်း မေးလိုက်သည်. . .
''မောင်....သက်သာရဲ့လား....''
ယောင်းမေးတော့ တိုးတိုးလေးဖြင့်သာ ပြန်ဖြေသည်....
''အင်း....သက်သာပါတယ်....''
မောင့်အဖြေကိုသဘောကျ၍ ယောင်းရဲ့မျက်နှာလေးပြုံးယောင်သမ်းသွားသည်....
ယောင်းမနက်စာ ပြင်ဆင်ပြီးလို့ မောင့်ထိုင်နေတဲ့ခုံအရှေ့က စားပွဲပေါ်မှာ စားစရာတွေကိုခင်းကျင်းလိုက်သည်....
''မောင်ကနေမကောင်းဘူးဆိုတော့....ဆရာဝန်မှာခဲ့တဲ့အတိုင်းဆန်ပြုတ်ဘဲကျိုလိုက်တယ်....အဆင်ပြေတယ်မှတ်လားဟင်....''
ယောင်း မေးတော့ ဆန်ပြုတ်ကိုခပ်သောက်နေရင်း ဖြေလာတဲ့မောင်. . .
''အင်း....ပြေပါတယ်....''
''မင်းကရော....ဘာလို့ဆန်ပြုတ်စားတာလဲ....နေကောင်းနေတာကို....''
''ယောင်းလည်း နေသိပ်မကောင်းချင်သလိုဖြစ်နေလို့....အာ့ကြောင့် တခြားဟာစားလို့အစာမကြေဖြစ်ရင်ပိုဆိုးမှာဆိုးလို့....ဆန်ပြုတ်ဘဲသောက်လိုက်တာ....'' ဟု ယောင်းကဖြေလိုက်တော့....
''ဟုတ်လား....ကိုယ်ပူနေလို့လား....'' ဟု ပြောရင်း ထိုင်ခုံမှထကာ ယောင်းရဲ့နဖူးလေးကို သူ့ရဲ့လက်ဖမိုးလေးဖြင့် လှမ်းထိကာ စမ်းလိုက်သည်....
ယောင်းကတော့ ထုံးစံအတိုင်း အကြောင်သားလေး.....
🌹🌹တကယ်ပါ....ကမ္ဘာ့နားလည်ရအခက်ဆုံးလူသားတောင် မောင့်ကိုမှီမယ်မထင်ဘူး....ယောင်းကိုဒဏ်ရာတွေပေးသလို....ရင်ခုန်မှုကိုလည်း ရုတ်တရက်ပေးတတ်သူကြီး....ဟွန့်🌹🌹
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...