ညနေလည်းစောင်းနေပြီမို့ ဟာနာကို jkအိမ်ပြန်ပို့ပေးရန် ဟာနာ့ရဲ့ကားရှိရာ သူတို့အိမ်ရှေ့ကို ထွက်လာကြသည်....
''ဟာနာ....အားတော့နာပေမယ့်....အကိုတစ်ခုလောက်တော့တောင်းဆိုချင်တယ်....ဒါကလည်းဟာနာ့အတွက်ပါ....''
jkရဲ့တောင်းဆိုချက်ကို ဟာနာသိနေတာမို့....
''ကိုကို့အိမ်ကို....နောက်မလာတော့ဖို့မှတ်လားကိုကို....''
ဟာနာပြန်မေးလိုက်တော့ မြေပြင်ကိုဘဲကြည့်လျက် ခေါင်းညိမ့်ကာြပန်ပြောသည်....
''အင်းဟုတ်တယ်....ဟာနာကအပျိုအရွယ်မိန်းကလေးတစ်ယောက်လေ....ဒါကြောင့် ဘာမှသွေးသားမတော်စပ်တဲ့ ယောကျားလေးနှစ်ယောက်တည်းနေတဲ့အိမ်ကိုမလာသင့်ဘူး....ပတ်ဝန်းကျင်ဆိုတာလည်းရှိသေးတယ်လေ....''
''ပတ်ဝန်းကျင်....ဟာနာပတ်ဝန်းကျင်ဆိုတာကြီးကိုကရုမစိုက်ဘူး....''
မြေပြင်မှအကြည့်ခွာကာ ဟာနာ့ကိုကြည့်လိုက်ပြီး ....
''မဟုတ်သေးဘူးလေဟာနာရဲ့....''
''ဟာနာ ပတ်ဝန်းကျင်ကိုသာကရုစိုက်ခဲ့ရင်....အိမ်ထောင်ရှိတဲ့ကိုကို့ကိုလည်း ဟာနာချစ်ခဲ့မှာမဟုတ်ဘူး....''
ဟာနာ့ရဲ့ပြတ်သားပွင့်လင်းလွန်းတဲ့စကားကြောင့် jkခဏတိတ်ဆိတ်သွားမိသည်....
''ဟာနာ့ပြန်တော့နော်....ကိုယ်လိုက်ပို့ပေးမယ်....''
''ဟာနာလည်း ကိုကို့ကိုတစ်ခုတောင်းဆိုစရာရှိတယ်....''
jk ဟာနာပြောတာကို ဘာမှမတုန့်ပြန်ဘဲ ဘာလဲဆိုတာ နားထောင်နေသည်....
''ဟို....ဟာနာ ကိုကိုရဲ့ချစ်သူဖြစ်ချင်တယ်....''
ဟာနာထိုစကားပြောတော့မယ်ဆိုတာကြိုသိနေသည်မို့ မအံ့သြပေမယ့် စကားလမ်းကြောင်းလွဲလိုက်ပြီး....
''ဟာနာ....မင်းမူးနေပြီ....လာ ကားပေါ်တက်ပါကွာ....''
''ဟာနာပုံကမူးတဲ့ပုံပေါက်နေလို့လား....ကိုကို ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့...''
''မဖြစ်နိုင်ဘူးဟာနာ....မင်းသိတဲ့အတိုင်းဘဲ...ငါမှာယောကျားရှိတယ်...ပြီးတော့ ငါအိမ်ထောင်ရေးမဖောက်ပြားချင်ဘူး....''
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...