''ကင်ထယ်ယောင်း....''နေ့ခင်း၂နာရီလောက်ကြီး တိတ်ဆိတ်အေးချမ်းနေတဲ့အချိန်မှာ အဖြူရောင်အိမ်လေးအတွင်းကဧည့်ခန်းထဲကနေ မောင့်ရဲ့အော်ခေါ်သံက တစ်အိမ်လုံးဟိန်းလို့နေသည် ....
ယောင်း မောင့်ရဲ့ခေါ်သံကြောင့် အဝတ်တွေကို အဝတ်လျှော်စက်ထဲထည့်နေရင်းကနေ အဝတ်ခြင်းကြီးပစ်ချခဲ့ပြီး မောင်ရှိရာဧည့်ခန်းထဲကိုပြေးလာခဲ့သည်....
''ဟုတ်ကဲ့မောင်....''
''ငါအအေးသောက်ချင်တယ်....ခေါင်းထဲလည်းနည်းနည်းနောက်နေတော့ သံပုရာဖျော်ရည်ဖျော်ခဲ့လိုက်....''
''ဟုတ်ကဲ့မောင်....''
ပြောပြီးသည်နှင့် မီးဖိုခန်းထဲကိုချက်ချင်းသွားသည်....
အခုထိတော့ သူတို့နှစ်ယောက်ကြား ဘာပြသနာမှမဖြစ်သေးပါ....သို့ပေမယ့် မကြာခင်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်သေးပေ။
ယောင်းသံပုရာဖျော်ရည်ဖျော်တုန်း အိမ်ရှေ့ခြံတံခါး ဘေလ်တီးသံကြားလို့ သွားကြည့်မယ်ကြံတော့....
''နေ....ငါဘဲသွားလိုက်မယ်....''
''ဟုတ်....''ဟုပြောပြီးသာ ကိုယ့်အလုပ်ကိုဆက်လုပ်ေနသည်....
jkခြံတံခါးကို ဖွင့်လိုက်စဥ်....
''Hi! ကိုကို....''
jkမျက်လုံးများပြူးကျယ်သွားသည်....
သူမ ငါ့အိမ်ကိုဘယ်လိုရှာတွေ့သွားတာလဲ။
ပြီးတော့ ဘာကြောင့် ယောကျားလေးတွေဘဲနေတဲ့အိမ်ကို လာတာလဲ။''ဟာနာ....ဘယ်လိုဖြစ်ပြီး....''
''ဘယ်လိုမှမဖြစ်ဘူး....ကိုကို့ကိုတွေ့ချင်လို့ ကိုကို့အိမ်ကိုမရမကရှာပြီးလာခဲ့တာ.....''ဟုပြောပြီး နှုတ်ခမ်းဆူလေတဲ့ဟာနာ....
''ဟွန့်....ပြန်ကျ မနှုတ်ဆက်ဘဲနဲ့....ဘာလို့မျက်မှောင်ကြီးကြုတ်ထားတာလဲ ကိုကိုကလည်း....ဟာနာစိတ်မကောင်းဖြစ်လာပြီ....''
jkခေါင်းတွေကိုက်နေတာ မနက်တည်းကပင်....ဒါကြောင့်အချိန်တိုင်းမျက်မှောင်ကြုတ်ပြီး စိတ်အလိုမကျဖြစ်နေတာ....ဒါကိုဟာနကမသိဘဲ ပြောချင်ရာလျှောက်နေတာမို့ ခေါင်းကိုက်တာပိုဆိုးလာသည်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...