နှစ်ဖက်အမေတွေလည်းjkရဲ့ဆန္ဒအတိုင်းလူချင်းတွေ့တာတွေဘာတွေလုပ်မနေတော့ဘဲ မင်ဂလာပွဲသာချက်ချင်းစီစဥ်လိုက်သည်...
🌺➖🌺➖🌺➖🌺➖🌺➖🌺➖🌺➖
ဒီနေ့ကထယ်ယောင်းနဲ့jkတို့ရဲ့မင်ဂလာပွဲနေ့ပေါ့...
ခမ်းနားလှပပြီးကျက်သရေမင်ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့မင်ဂလာခန်းမကြီးအတွင်းမှာတော့ဂုဏ်သရေရှိဧည့်ပရိတ်သတ်တွေနဲ့စည်းကားသိုက်မြိုက်စွာပြည့်နှက်လို့နေသည်...
သတို့သားအဝတ်လဲခန်းထဲမှာတော့....စိတ်အလိုမကျ၍မျက်မှောင်နှစ်ခုထိစပ်မတတ်ကြုတ်ထားကာလည်ပင်းကဖဲပြားအနက်ရောင်လေးကိုတပ်ရင်းမှန်ကြည့်နေတဲ့သတို့သား ဂျွန်ဂျောင်ကု....စိတ်တွေရှုပ်ထွေးလွန်းလို့ကိုက်ခဲလာတဲ့ခေါင်းကိုပြေလျော့စေရန်နဖူးစပ်ကိုလက်ထောက်ရင်းစိတ်ကိုတတ်နိုင်သမျှလျော့ချကာအခန်းထဲဝင်ပြီးခမ်းမအတွင်းဝင်လို့ရပြီဆိုတဲ့အကြောင်းလာပြောတဲ့သူ့အမေရဲ့လူယုံအနောက်လိုက်သွားလိုက်သည်...
တစ်ဖက်ကသတို့သားအဝတ်လဲခန်းထဲမှာတော့....စိတ်လှုပ်ရှားလွန်းလို့တစ်ဒုန်းဒုန်းခုန်နေတဲ့ရင်ကိုဖိထားရင်းခမ်းမထဲဝင်ဖို့အတွက်အဆင်သင့်ဖြစ်အောင်ကြိုးစားနေတဲ့သတို့သား ကင်မ်ထယ်ယောင်း....မကြာခင်မှာအနာဂတ်ခင်ပွန်းလောင်းလေးနဲ့ဧည့်ပရိတ်သတ်တွေအများကြီးရဲ့အရှေ့မှာ လက်ထက်လက်စွပ်လေးဖလှယ်စွပ်ပြီး ကြင်နာယုယစွာအကြင်နာအနမ်းလေးပေးရမှာကိုတွေးရင်းပြုံးစိစိနဲ့ဖြစ်နေတုန်းသူကြည့်နေတဲ့မှန်ထဲကနေသူ့အနောက်မှာတစ်ယောက်ယောက်လျှောက်လာတဲ့အရိပ်တွေ့တာမို့လှည့်ကြည့်လိုက်တော့...သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးဂျီမင်းဖြစ်နေသည်...
ဂျီမင်းကြည့်ရတာ မျက်နှာလည်းသိပ်မကောင်း...ဒီရက်ပိုင်းမင်ဂလာပွဲကိစ္စနဲ့မတွေ့ဖြစ်တဲ့3,4ရက်အတွင်းပိန်သွားသလိုတောင်ခံစားရသည်...
Tae. ဟာ...ဂျီမင်းနား...ေရာက်လာပြီဘဲ...ဒါနဲ့...မင်းနေမကောင်းဘူးလား...ပိန်လည်းပိန်သွားသလိုဘဲ...ငါစိတ်ပူလိုက်တာကွာ....
Jm. ဘာမှမဖြစ်ပါဘူးကွာ.... ဒီရက်ပိုင်းအလုပ်နည်းနည်းပင်ပန်းလို့ပါ...ပြီးတော့ငါဝိတ်လည်းနည်းနည်းချနေတာ...ဟဲဟဲ
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...