🌹🌹part 37🌹🌹

376 19 1
                                    

ယောင်း မောင့်ဆီကိုသွားရင် မောင်စားဖို့အတွက် အစားအသောက်တွေယူသွားရန်ပြင်ဆင်နေလေသည်....

လက်ကသာ အသီးအရွက်တွေကိုလှီးချွတ်နေ တာ....စိတ်ကတော့ မနက်ကကိစ္စကိုပြန်တွေးရင်းစိတ်ခုနေတုန်း....မောင့်ဆီကိုစာပို့ထားတာကြာပြီဖြစ်ပေမယ့် အခုထိစာမပြန်သေးတာကြောင့်. . .

''မောင်မအားလို့များ ငါ့စာတွေကိုမမြင်တာလား....ဒါမှမဟုတ် စာ​ြပန်မအားလို့များလား....အ့!!!!''

ခရမ်းချဥ်သီးလိမ်းနေရင်း မတော်တဆလက် ဓားထိသွားသည်....

ယောင်း လက်ရှသွားတာကို ဘေးကအိမ်အကူတွေကမြင်တာမို့....

''သခင်လေး....လက်ရှသွားပြီဘဲ....ကျွန်မတို့ဆေးထည့်ပေးပါ့မယ်....လာပါရှင့်....''

သို့ပေမယ့်. . .

''ရ..ရပါတယ်....ကိုယ့်ဘာကိုယ်ဘဲထည့်လိုက်ပါ့မယ်....ဟင်းလေးဘဲဆက်ချက်ထားပေးပါ....''

''ဟုတ်ကဲ့ပါသခင်လေး....''

ယောင်း ဒဏ်ရာကိုဆေးထည့်ရန် ဆေးသေတ္တာရှိရာဆီသို့သွားလိုက်သည်....

ပြီးတော့ ဆေးလိမ်းကာ ပလာစတာကပ်လိုက်ပြီး. . .

''လက်ကိုတောင်ဓားထိရအောင်....ငါစိတ်တွေဘာကြောင့်များလေးပင်နေတာပါလိမ့်....မဟုတ်မှ....မောင်တစ်ခုခုဖြစ်လို့များလား....မဟုတ်လောက်ပါဘူး....ငါစိတ်ထင်လို့နေမှာပါ....''

[♥♥♥♥]

နေ့လည်ရောက်တော့ ယောင်း ကုပ္မဏီကိုသွားရန် အိမ်တော်ထိန်းကိုလိုက်ပို့ခိုင်းလိုက်သည်....

ကုပ္မဏီအရှေ့ကိုရောက်တော့ ကုပ္မဏီအထဲကိုဝင်သွားလိုက်ပြီး မောင့်ရဲ့ရုံးခန်းရှိရာကိုမေးရန် ကောင်တာကိုသွားလိုက်သည်....

သို့ပေမယ့်....

ကောင်တာအနားကိုရောက်တော့ ကောင်တာကမိန်းကလေးနှစ်ယောက်က အလုပ်ချိန်မှာအတင်းတုတ်နေကြသည်....သူတို့ပြောနေကြတဲ့အတင်းထဲမှာ CEOဆိုတဲ့စကားပါတာမို့ ယောင်းမနီးမဝေးလေးမှာ ခြေလှမ်းတို့ရပ်လိုက်ပြီး နားထောင်မိသည်....

''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)Where stories live. Discover now