ဂျီမင်း ပန်းစည်းနဲ့ချောကလက်ဘူးလေးကိုခုံပေါ်မှာဘဲထားခဲ့ပြီးထိုနေရာမှထွက်သွားသည်....
ထယ်ယောင်းလည်းထွက်သွားပြီ....ပိုင်ရှင်ဖြစ်တဲ့ဂျီမင်းပါထွက်သွားတော့ခုံပေါ်မှာကျန်ခဲ့တဲ့ပန်းစည်းလေးနဲ့ချောကလက်ဘူးေလးမှာတော့အဖော်မဲ့စွာ.... အထီးကျန်ပြီးကျန်ခဲ့လို့နေသည်....
သို့ပေမယ့်....
ဂျီမင်းထွက်သွားပြီးနာရီဝက်လောက်ကြာတော့ပန်းခြံထဲကိုစက်ဘီးလေးစီးရင်းသူထိုင်နေကျခုံတန်းလေးကိုလာတဲ့ကောင်လေးတစ်ယောက်.....
စက်ဘီးလေးကိုခုံအနားလေးမှာထိုးရပ်လိုက်ပြီးစက်ဘီးပေါ်ကဆင်းကာ....စက်ဘီးအရှေ့ခြင်းလေးထဲကသူယူလာတဲ့ပန်းချီပစ္စည်းလေးတွေကိုယူကာ ခုံပေါ်မှာထိုင်မယ်ကြံတော့....
Hb. ဟား....ပန်းစည်းလေးပါလား....ချောကလက်ဘူးလေးရောဘဲ....ပန်းခြံထဲမှာလည်းလူရှင်းနေတာ....တစ်ယောက်ယောက်ကျန်ခဲ့တာများလား....ဒါမှမဟုတ်.... ထားခဲ့တာလားမသိဘူး....
ပြီးနောက်ပန်းစည်းလေးကိုသေချာလှည့်ပတ်ကြည့်နေတဲ့ထိုကောင်လေး....
Hb. ဟင်....ပန်းစည်းလေးကစတော်ဘယ်ရီသီးလေးတွေနဲ့ပါလား...ချစ်ဖို့ကောင်းလိုက်တာ....ဒီလိုပန်းစည်းမျိုးကိုဘယ်သူကထားခဲ့တာပါလိမ့်....ငါယူသွားရင်ကောင်းမလား...အကြံရပြီ ငါအခုပန်းချီဆွဲမယ်ဆွဲလို့ပြီးတော့မှပိုင်ရှင်မပေါ်ရင်ငါယူသွားတော့မယ်....ဟီးဟီးပျော်လိုက်တာ....
ပန်းစည်းလေးကိုကြည့်ရင်း ေပျာ်ပြီး ရီလိုက်တဲ့ပုံလေးမှာ တကယ့်ကိုချစ်ဖို့ကောင်းပြီးအရမ်းကိုလှသည်...ထိုကောင်လေးကတစ်ခါရီလိုက်ရင် ပါးချိုင့်ပိစိလေးနှစ်ခုကပေါ်လာပြီးနှုတ်ခမ်းလေးကအသဲပုံပုံစံလေးနဲ့အရမ်းကိုတောက်ပလွန်းတဲ့နေရောင်ခြည်လေးလိုပင်....
သူ့နာမည်ကတော့... ဂျောင်ဟိုဆော့တဲ့....
(သူကတော့နောက်ထပ်ဇာတ်ကောင်လေးပေါ့)➖➖➖➖➖➖➖➖➖➖➖➖➖➖
အရမ်းကိုခမ်းနာပြီးတစ်အိမ်လုံးအိမ်အကူတွေနဲ့ပြည့်နေတဲ့အိမ်ကြီးအတွင်းကခမ်းနားလှပတဲ့ဧည့်ခန်းထဲမှာပေါ့....jkရဲ့အမေဖြစ်သူ Mrs. Jeonမှာတော့ ဒေါသကြောင့်မျက်မှောင်တို့ကြုံ့ထားရင်းလက်ကိုပိုက်ကာတိုင်ကပ်နာရီကိုတကြည့်ကြည့် အိမ်ရှေ့တံခါးမကြီးကိုတစ်ကြည့်ကြည့်ဖြင့်အလှပန်းအိုးတင်ထားတဲ့စားပွဲခုံအကြီးကြီးရှေ့ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့်ပေါ်မလာသေးတဲ့သားတော်မောင်ကိုစောင့်နေသည်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...