🌹🌹part 31🌹🌹(အတိတ်ကကုကီးနဲ့ကိုကိုထယ်ep1)

436 21 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လွန်ခဲ့တဲ့ အနှစ်20 တုန်းက ဂျောင်ကု6နှစ်သားအရွယ်တုန်းကပေါ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လွန်ခဲ့တဲ့ အနှစ်20 တုန်းက ဂျောင်ကု6နှစ်သားအရွယ်တုန်းကပေါ့.... ကြုံတွေ့ခဲ့ရဖူးတဲ့ accidentတစ်ခု. . .
.
.

Time ship///<<>>
ချောင်းကူးတံတားငယ်တစ်ခုရဲ့အောက်က ကျောက်စလစ်တွေပေါ် ခွေခေါက်ပြီးလဲကာ တစ်စုံတစ်ယောက်များ လာကူလိုကူညား အကူအညီတောင်းခံနေတဲ့ ကလေးငယ်တစ်ဦး....

''အ..အာပါး....အာပါး....အဟင့်....သားကိုကယ်ပါဦး....အာပါး....ကယ်ကြပါဦး....'' ဟု မတိုးမကျယ်အသံလေးဖြင့် အော်ရင်း ငိုနေတဲ့ကလေး....

အခြားကလေးတစ်ယောက်သာဆို ထိုသို့ကြုံတွေ့ချိန်မှာ အမေကိုဘဲတမ်းတမိမယ်ဆိုတာသေချာပေမယ့် ထိုကလေးကတော့ ဖခင်ဖြစ်သူကိုသာ တမ်းတနေမိသည်....

အဘယ်ကြောင့်ဆို သူလေး လူမှန်းသိတတ်စအရွယ်တည်းက သူ့အနားရှိနေခဲ့သူက သူ့ရဲ့အဖေတစ်ဦးတည်းသာရှိတာမို့ပင်....

တံတားကအရမ်းမမြင့်ပေမယ့် အောက်မှာ ကျောက်စလစ်တွေရှိတာမို့ ကလေးရဲ့ပါးပြင်ပေါ်မှာ ဒဏ်ရာတစ်ခုရသွားသည်....ခြေထောက်တွေကလည်း လှုပ်မရတာမို့ ထလို့မရ....ဒါကြောင့် ငို​ကြွေးပြီးသာ အကူအညီတောင်းနေမိသည်....

''အာပါး....သားအရမ်းနာတယ်....အီးဟီး....အာပါး....''

ထိုစဥ် ကောင်လေးတစ်ယောက် တံတားပေါ်ကနေ လွယ်အိတ်လေးတကားကားဖြင့် လျှောက်လာသည်....အသက်ကတော့8နှစ်လောက်ရှိမည်....

''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)Where stories live. Discover now