jk ရေဇလုံထဲမှာ ရေစိမ်ချိုးရင်းခဏမှေးစက်နေမိသည်.... လူကသာရေစိမ်နေပေမယ့် နှုတ်ခမ်းသားတွေကအလိုလိုခြောက်ကပ်နေသည်...အကြောင်းအရင်းက မျက်လုံးထဲမှာ ယောင်းရဲ့နှုတ်ခမ်းသားလေးကိုမျက်ဝန်းထဲတံဆိပ်ခတ်ထားသလို ပေါ်နေလို့ပင်....
''ဟာ....ကျစ်....ငါတကယ်ဘဲဘာတွေဖြစ်နေတာလဲ....မိန်းကလေးတစ်ယောက်ကနမ်းဖို့ပြောတာတောင်လက်မခံဘဲနဲ့....ယောကျားလေးတစ်ယောက်ရဲ့နှုတ်ခမ်းကိုမှ ဘာလို့စွဲလမ်းနေရတာလဲ....''
သူ့ကိုယ်သူနားမလည်နိုင်တဲ့အချိန်မှာဘဲ....
''အား~~~ဘယ်လိုခံစားချက်တွေထပ်ဖြစ်လာတာလဲ....''
တပြိုင်တည်း ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာက ယောင်းရဲ့အထိအတွေ့လေးကိုထပ်လိုချင်လာသည်ဟုခံစားရသည်....
''အား....မဖြစ်နဲ့....စိတ်လျော့စမ်း....ဟူး....အားးးးးပိုဆိုးလာပြီ....''
ယောင်းရဲ့ခန္ဓာကိုယ်သွယ်သွယ်လေးကိုမြင်ယောင်လာလေ....အခြေအနေကပိုပိုဆိုးလာလေ....
''ဘယ်လိုလုပ်ရမလဲ....အခုချိန်မှာ သူ့ဆီသွားရင်လည်း ငါ့ကိုရူးနေတယ်ထင်သွားဦးမယ်....အားးးးဟားးမရတော့ဘူး....ထင်ရင်လည်းထင်တော့ကွာ....''ဟုပြောပြီး ရေတောင်သေချာမချိုးရသေးဘူး ရေဇလုံထဲကထကာ ခန္ဓာကိုယ်ပေါ်က ဆပ်ပြာအမှုန့်တွေကိုရေပန်းဖွင့်ပြီးဆေးချလိုက်သည်....
ပြီးတော့ သပါတ်တစ်ထည်ကိုခါးမှာပတ်လျက်သား အခန်းပြင်ထွက်လာသည်....
ယောင်းအခန်းရှေ့ကိုလျှောက်လာပြီးတံခါးခေါက်လိုက်တယ်....
''ခေါက်...ခေါက်''
ယောင်း ရေချိုးပြီးလို့ lotionလိမ်းနေရင်း အခန်းတံခါးလာခေါက်သံကြားတာမို့ သွားဖွင့်လိုက်သည်....
အခန်းတံခါးဖွင့်ဖွင့်ချင်း မောင်ကအပေါ်အဝတ်စလစ်နဲ့ ခါးမှာလည်းသပါတ်တစ်ထည်တည်းနဲ့မို့ ခေါင်းငုံ့လျက် မေးလိုက်သည်....
''မော..မောင်....ဘာခိုင်းမလို့လဲဟင်....''
သူမေးတာကိုမဖြေဘဲ သူ့မျက်နှာနားကိုတိုးကပ်လာပြီး အနံ့လိုက်ခံနေသည်မို့ကြောင်သွားသည်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...