ယောင်း အလုပ်တွေလည်းလုပ်စရာမရှိတော့ ပျင်းနေသည်...အရင်တုန်းကတော့ ဂျီမင်းကိုအချိန်မရွေးလှမ်းခေါ်လိုက်လို့ရပေမယ့် အခုတော့ ဂျီမင်းနဲ့ထပ်ပတ်သက်ဖို့ကမဖြစ်နိုင်တော့....ဒါကြောင့် ခြံထဲဆင်းပြီး ပန်းပင်လေးတွေရေလောင်းပေါင်းသင်ဖို့ဆုံးဖြတ်လိုက်သည်....
ယောင်း ပန်းပင်လေးတွေရေလောင်းနေတုန်း....
''ဟင်....ဘာလေးပါလိမ့်...''
ယောင်းရဲ့ခြေထောက်ဘေးနားလေးကို တစ်ခုခုပြုတ်ကျလာသည်....ခြံပြင်ကတစ်ယောက်ယောက်လှမ်းပစ်လိုက်ပုံရသည်....ခြံပတ်ပတ်လည်ကိုလှမ်းပတ်ကြည့်တော့ဘယ်သူမှရှိမနေ....အာ့ကြောင့် ထပ်ကြည့်မနေတော့ဘဲ သူ့ခြေထောက်ဘေးကဟာလေးကိုကောက်ပြီးယူကြည့်လိုက်တော့....
''စာရွက်လေးဘဲ....အထဲမှာလဲစာရေးထားတယ်...''
အထဲကစာကိုဖတ်လိုက်သည်....
📜ထယ်ယောင်းရှီး....
အခု (.....)ဆိုင်ရဲ့တတိယထပ်ကိုလာခဲ့ပါ....
တိုင်ပင်စရာလေးရှိလို့....
#ဟာနာ📜''ဟာနာက ဘာလို့ငါ့ကိုချိန်းရတာလဲ....တိုင်ပင်စရာရှိလို့ဆိုပါလား....''
ပြောပြီး ချက်ချင်းထိုနေရာကိုသွားဖို့ပြင်သည်....
(. . . . . . . . . . . . . . . . .)
ဆိုင်က အဆင့်မြင့်ပြီး အလွှာသုံးလွှာတောင်ရှိသည်....ဟာနာချိန်းတာက အပေါ်ဆုံးအထပ်မှာမို့ ထိုနေရာကိုဓာတ်လှေကားစီးပြီးသွားလိုက်သည်....
တတိယထပ်ကိုရောက်တာနဲ့ ဟာနာ့ကိုရှာစရာမလို တံခါးပေါက်နဲ့တန်းနေတဲ့စားပွဲမှာ ထိုင်ကာ သူ့ကိုလက်လှမ်းပြသည်မို့....ယောင်းခပ်တည်တည်ဘဲသွားပြီး သူမအရှေ့ကခုံမှာထိုင်လိုက်သည်....
''တို့ကိုချိန်းတာက....''
ကျွန်တော်ကစကားစမြည်းလိုက်တော့....
သူမက ပြုံးလျက်ပြန်ပြောသည်....သို့ပေမယ့် ကိုရိးယားလိုမဟုတ်ဘဲဂျပန်ဘာသာစကားဖြင့်....
''ထယ်ယောင်းရှီး....မဟုတ်ဘူး....ထယ်ယောင်းလို့ဘဲခေါ်မယ်နော်....ထယ်ယောင်း ဂျပန်လိုပြောတတ်လား....''
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Hayran Kurgutaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...