မောင့်ကိုကားပေါ်ထိတွဲခေါ်လာပြီး ကားပေါ်တင်ကာ သူကမောင်းတဲ့နေရာမှာထိုင်လိုက်သည်။
ဒါပေမယ့်မမောင်းသေးဘဲ သူတို့ကားနောက်မှာရပ်ထားတဲ့ဟာနာ့ရဲ့ကားကိုလှမ်းကြည့်လိုက်တယ်....ယောင်းလှမ်းကြည့်တော့ ဟာနာက သူ့ကားကိုမှီပြီး စီးကရက်ဖွာရင်း ထူးဆန်းတဲ့အကြည့်မျိုးနဲ့လှမ်းကြည့်နေသည်....
ဟာနာလှမ်းကြည့်နေတဲ့ပုံစံကို ယောင်းလုံးဝဘဝန်မကျပါ....တစ်ယောက်ယောက်ကိုမကျေနပ်သလို တစ်ခုခုကိုကြံစည်နေသယောင် ပေါ်လွင်နေတာမို့...
🌹🌹သူမအကြည့်တွေကဘာအဓိပ္ပါယ်လဲ....မကောင်းတာတစ်ခုခုဆိုတာတော့သေချာတယ်....ဘယ်လိုဘဲဖြစ်ဖြစ် ငါသတိထားနေဖို့တော့လိုနေပြီ...🌹🌹
မောင့်ဘက်ကိုလှမ်းကြည့်လိုက်သည်....
''ဟမ်း....စောနကတွေးနေတာမှ တွေးလို့မဆုံးသေးဘူး....အခုဘဲ တိုက်ပွဲတွေစရတော့မှာလားမောင်ရယ်....ကမ္ဘာပေါ်မှာ မောင့်ကိုချစ်တာယောင်းတစ်ယောက်တည်းရှိနေရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ....''
အတွေးတို့ကိုလက်စဖြတ်ကာ ကားစမောင်းရန်ကားစီယာတိုင်ကိုကိုင်လိုက်သည်....
🥀🥀🥀🥀🥀🥀🖤🖤🥀🥀🥀🥀🥀🥀
jkနိုးလာတာနဲ့ အောက်ထပ်ဆင်းပြီး ရေခဲသေတ္တာရှိရာဆီတန်းသွားသည်....သွားနေတုန်း ဧည့်ခန်းနားနောက်တော့ ယောင်းကဧည့်ခန်းထဲကထလာပြီး သူ့ဆီလာနေတာသတိထားမိပေမယ့်မသိချင်ယောင်ဆောင်ကာ ဆက်သွားသည်...
ယောင်းလည်းသိတာပေါ့....သူ့ကိုရှောင်သွားတယ့ဆိုတာ....ဒါကြောင့်
''ယောင်းကိုရှောင်ဖို့မကြိုးစားပါနဲ့....ယောင်း မောင့်ကိုမေးစရာရှိတယ်....''
ဒါပေမယ့် jkကလုံးဝအဖက်မလုပ်....ရေခဲသေတ္တာဖွင့်ကာ ရေဘူးတစ်ဘူးယူပြီး ဖွင့်သောက်နေသည်....
ယောင်း jkကသူ့ကိုအဖက်မလုပ်ပေမယ့် ရေခဲသေတ္တာဘေးကနေ မောင့်မျက်နှာကိုသေချာကြည့်ကာပြောသည်....
''မနေ့ကအမျိုးသမီးကဘယ်သူလဲ....''
jkရေဘူးကိုကိုင်လျက် ရေခဲသေတ္တာကိုပိတ်ကာ ဧည့်ခန်းထဲကိုသွားသည်....
ယောင်းလည်းအနောက်ကလိုက်လာသည်....
YOU ARE READING
''ရက်စက်လွန်းတယ်မထင်ပါမောင်''(taekook sad)
Fanfictiontaekook sad (Author _minnaryoon(Y.D.N.P)) Tae. မောင်သိပ်ကိုရက်စက်...ဟူး...ယောင်းမောင့်ကိုအဲသလိုပြောမထွက်ပါဘူးမောင်...အဲဒါဘာလို့လဲသိလားယောင်းမောင့်ကိုသိပ်ချစ်လို့...ယောင်းသေမတတ်နာကျင်နေရင်တောင် မောင့်ကိုသိပ်ချစ်တဲ့စိတ်နဲ့မောင့်အနားမှာအမြဲရှိနေမှာပါ...