part1

3.8K 97 2
                                    

Unicode

"သမီးcandyရေ"

ခရီးဆောင်အိတ်ထဲအကျီတွေထည့်နေရင်းအပြင်မှာဆော့နေသောသမီးလေးကိုလှမ်းခေါ်လိုက်တာကြောင့်ရှိတဲ့နေရာကနေအပြေးလာကာဖတ်လိုက်သောသမီးလေးကိုကြည့်ပြီး ပြုံးမိသည်။ ၅နစ်သာရှိ‌သေးတဲ့သမီးလေးကအရမ်းကိုချစ်ဖို့ကောင်းလွန်းလှသည်။

"ပါပါးဘာပြောစရာရှိလို့လဲဟင်"

"ပါပါးတို့ညနေကျရင်ခရီးသွားရမှာနော်အရမ်းမဆော့နဲ့အားမရှိဘဲနေလိမ့်မယ်"

"ဟုတ်ကဲ့ပါပါး"

တစ်ခွန်းဆိုတစ်ခွန်းနားထောင်သမီးလေးကြောင့်များများစားစားပြောစရာမလို။အရွယ်လေူနဲ့မလိုက်အောင်ကိုလည်းသိတတ်လွန်းပါသည်။

"ပါပါးမှာထားတာတွေမမေ့နဲ့နော်candy"

"ဖွားဖွားတို့စီရောက်ရင်ယဉ်ယဉ်ကျေးကျေးစကားပြောရမယ်။လူကြီးတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်..."

လက်ချိုးရေကာပြောနေသောသမီးလေးကိုကြည့်ရင်းအသည်းတယားယား။

"ပြီးတော့ကိုရီးယားမှာ လူစိမ်းတွေနဲ့စကားပြောရဘူးနာမည်လည်းပြောပြရဖူး"

ဟုတ်ပါတယ်လေသူတို့သားအဖကအခုဆွစ်ဇလန်မှာဂျီမင်းတို့နဲ့အတူတူလာနေနေခြင်းပင်။နေတာနစ်ကြာပြီလားဆိုတော့သမီးလေးကိုကိုယ်ဝန်ဆောင်ချိန်ကာလနဲ့အခုထိဆိုရင်သမီးလေးတစ်သက်ရှိပြီပေါ့အခုမှအဖွားရဲ့ကိုရီးယားမှာဘဲအခြေချ‌နေပါဆိုတာကြောင့်သမီးလေးကိုမေးတော့လည်းနေချင်တယ်ဆိုတာကြောင့်ရယ်။သူရဲ့ဆန္ဒကဘာလဲမေးမယ်ဆိုရင်လုံးဝကိုခြေဦးမလှည့်ချင်တော့။တစ်စုံတစ်ယောက်‌ကြောင့်ဖြစ်ခဲ့တာတွေကိုမေ့ချင်‌ခဲ့ပေမယ့်၆နစ်တာလုံးလုံးဝမေ့မရခဲ့...

‌"ဟောသားအဖတွေအဆင်သင့်ဖြစ်နေကြပြီလား"

"ဖြစ်ပြီ ဦးဦးဂျီရော"

သူတွေးနေတုန်းရောက်ချလာသောသူငယ်ချင်းဖြစ်သူဂျီမင်းနဲ့သူ့သမီးလေးcandyတို့စကားပြောနေတာကိုကြည့်ပြီးပြုံးမိပြန်သည်။လုပ်နေတဲ့အလုပ်ကိုလည်းပြန်ဆက်လုပ်နေလိုက်သည်။

Miracle Of Love (Complete)Where stories live. Discover now