Part 24

967 48 3
                                    

Unicode

"ထယ်ယောင်း ဒါဆိုဂျောင်ဂုက တရားခံမဟုတ်ဘူးပေါ့နော်"

"အင်း ဟန်နာကိုယ်တိုင်ငါ့ကိုလာတောင်းပန်သွားတယ်"

"ဒါဆို မင်းဘယ်လိုလုပ်မလဲ ထယ်ယောင်း"

ထယ်ယောင်းလည်း ခနသာ စဉ်းစားလိုက်ပြီး တစ်ချက်ပြုံးလိုက်တာ‌ကြောင့် ဂျီမင်း တစ်‌ေယာက်ကြောင်အအဖြင့်

"ထယ်ယောင်း မင်းဘာတွေ ကြံစီနေတာလဲ"

"ဒါကတော့ အချိန်တန်ရင်တော့သိမှာပေါ့"

//

"သမီးလေး candy !!"

အိမ်ထဲကို လူအရင်မရောက်ဘဲ အသံသာရောက်လာတဲ့ဂျောင်ဂု‌ ကြောင့် ဧည့်ခန်းထဲမှာထိုင်ပြီး laptopတစ်လုံးဖြင့်အလုပ်လုပ်နေသောထယ်ယောင်းမှာ ခေါင်းတစ်ခါခါဖြင့်
ဂျောင်ဂုကိုအရင်လို လက်မခံနိုင်ပေမယ့် candyလေးရဲ့အဖေ အဖြစ်ဘဲ လက်ခံနိုင်သည်။ ဒါကြောင့် ဂျောင်ဂုကို သူငယ်ချင်းလိုဘဲနေမယ်ဆိုကာ တိုင်ပင်ထယးတော့သူကလည်းလက်ခံသည် ဒါကြောင့်အခုတော့သူငယ်ချင်းလိုသာနေဖြစ်ကြသည်။

"ထယ်‌!"

ထယ်ယောင်း ဘေးနားကိုဝင်ထိုင်လိုက်ပြီး ပြုံးပြနေတဲ့ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ ကြောင်ကြည့်နေမိသည်။
အရမ်းတည်ငြိမ်ပြီး ပြတ်ပြတ်သာသားနဲ့ အလုပ်လုပ်တတ်တဲ့ ‌ကြောက်စရာကောင်းတယ်လို့နာမည်ကြီးတဲ့J Company ရဲ့ ဥက္ကဌ ဂျွန်ဂျောင်ဂုလို့‌နာမည်ကြီးနေတဲ့လူက အခုကျ ကလေးလိုလို လူကြီးလိုလိုလုပ်နေလေရဲ့

"ဘာကိစ္စလဲ ဒီကို"

"အာ သမီးလေးနဲ့အတူတူ နေ့လယ်စာ သွားစားကြမလားလို့"

"သွားလေ ထယ်သမီးကိုခေါ်ပေးမယ် သမီ.."

"နေအုံး ထယ်ပါလိုက်ခဲ့ရမယ်"

ထယ်ယောင်းလည်း မျက်ခုံးတစ်ဖက်ပင့်ကာ ဂျောင်ဂုကိုကြည့်လိုက်ပြီး သူပေါင်ပေါ်တင်ထားတဲ့ Laptop ကို ကိုင်‌မြှောက်ပြလိုက်ကာ

"ထယ်မအားဘူး အလုပ်လုပ်နေတယ်"

"ဘာအလုပ်လဲ ထယ်ကဘာအလုပ်လုပ်တာလဲ "

ဂျောင်ဂုတစ်ယောက် အနားကိုတိုးလာ‌တာ‌ကြောင့် ထယ်ယောင်းလည်း laptop ကိုအမြန်ကောက်ပိတ်လိုက်သည်။

Miracle Of Love (Complete)حيث تعيش القصص. اكتشف الآن