part 9

1.1K 70 3
                                    

Unnicode

"သမီးcandy ဦးဦးယွန်းဂီနဲ့လိမ်လိမ်မာမာနေနော်ပါပါးမုန့်ဝယ်ခဲ့မယ်"

ဒီနေ့ကထယ်ယောင်းရယ်ဂျီမင်းရယ်အဖွားကို‌ ဆေးခန်းသွားပြမှာမို့အိမ်မှာသမီးလေးနဲ့ယွန်းဂီသာကျန်ခဲ့မည်ဖြစ်သည်။ဒါကြောင့်သမီးလေးကိုမှာနေခဲ့ရသည်။

"ဟုတ်ကဲ့ပါ ပါပါးရဲ့သမီးကဦးဦးယွန်းဂီနဲ့ကောင်းကောင်းနေပါ့မယ်"

"စိတ်ချပါထယ်ယောင်းရယ်ငါ့ကိုမယုံတာလား"

ယွန်းဂီကcandyလေးကိုချီလိုက်တော့candyလေးကပါယွန်းဂီကိုပြန်ဖတ်ထားလေသည်။

"စိတ်ချပါတယ်ဒါဆိုငါတို့အချိန်လည်းနီးနေတော့သွားတော့မယ်"

"အွန်းကောင်းကောင်းသွားcandy လေးနူတ်ဆက်လိုက်အုံး"

"တာတာ့ပါပါး"

ထယ်ယောင်းလည်းသမီးလေးကိုလက်ပြနူတ်ဆက်လိုက်ပြီးကားထဲသိုဝင်သွားလေသည်။ယွန်းဂီလည်းထယ်ယောင်းတို့ထွက်သွားတာကိုကြည့်ပြီးသူ့ရဲ့အကြံအစဉ်ကိုအကောင်အထည်ဖော်ဖို့လုပ်လိုက်သည်။

"Candyဦးကိုကြည့်ဟိုဘက်ခြံမှာအိမ်နီးချင်းအသစ်ရှိတယ်သွားနူတ်ဆက်မလား"

"အိမ်နီးချင်းအသစ်?"

"ဟုတ်တယ်candyရဲ့အိမ်နီးချင်းအသစ်ဆိုရင်ရင်းရင်းနှီးနှီးမိတ်ဆက်ရတယ်တဲ့"

"တကယ်လားဒါဆိုcandyတို့သွားမိတ်ဆက်ကြမယ်ယေဦးဦး"

"ဟုတ်ပြီနေအုံးဟိုဘက်ခြံကဦးဦးကစပျစ်သီးကြိုက်တယ်ဦးဦးတို့ယူသွားပေးရမယ်"

"စပျစ်သီးကcandyလည်းကြိုက်တယ်ယူသွားပေးမယ်လေဦးဦး"

"ဒါဆိုသွားမယ်"
.
.

ဂျောင်ဂုကခြံထဲတွင်ထိုင်ကာအလုပ်ကိုအားရုံစိုက်ကာလုပ်နေချိန်သူ့ရဲ့အရှေ့ကိုလာချလိုက်သောပစ္စည်းကြောင့်သူ့မှာလန့်သွားရသည်။ထိုပစ္စည်းကစပျစ်သီးတွေအများကြီးထည့်ထားသောပန်ကန်လုံးလေးဖြစ်သည်။သူဘေးကိုလှည့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့ကလေးမလေးကြောင့်အံ့ဩသွားရသည်။သူ့ကိုပြုံးပြီးကြည့်နေတဲ့ကလေးမလေးကိုသူမြင်မြင်ချင်းဖတ်ချင်စိတ်ဖြစ်သွားတာကြောင့်ထိုကလေးမလေးကိုလှမ်းဖတ်လိုက်သည်။

Miracle Of Love (Complete)Where stories live. Discover now