part 4

1.3K 56 0
                                    

"သမီးလေးဘယ်လိုလဲကျောင်းတတ်ရတာအဆင်ပြေလား"

မူကြိုထဲနေကပြေးထွက်လာပြီးဖတ်လိုက်သောသမီးလေးကြောင့်သမီးလေးအရှေ့ဒူးထောက်ထိုင်ချကာမေးကြည့်တော့သမီးလေးကခေါင်းငြိမ့်ပြလေသည်။

"အဆင်ပြေပါတယ်ပါပါး"

"လိမ်မာလိုက်တဲ့ပါပါးသမီးလေးဘဲ လာပြန်ကြမယ်"

အဖွားရဲ့ကားကိုယူလာတာမို့ကားပေါ်သို့သမီးလေးကိုသေချာနေရာယူစေပြီးသူကတော့မောင်းတဲ့နေရာမှာဝင်ထိုင်လိုက်ကာအိမ်သို့ပြန်လာခဲ့လိုက်သည်။

အိမ်ပြန်ရောက်တော့သမီးလေးကိုရေအရင်ချိုးပေးပြီးဆံပင်လေးလုပ်ပေးနေရင်သမီးလေးကစကားစပြောလာသည်။

"ပါပါး"

"ပြောလေcandyလေးရဲ့"

"ဒီနေ့ယေ‌သမီးစီကိုဦးဦးတစ်ယောက်လာမိတ်ဆက်တယ်သိလား"

"ဟုတ်လား ဘယ်ကဦးဦးတုန်း"

ဦးဦးတစ်ယောက်လာမိတ်ဆက်တယ်ဆိုတဲ့စကားကြောင့်ရင်ထဲမှာထင့်‌သွားလေသည်။

"သိဘူးအဲ့ဦးဦးက‌ချောတယ်အရပ်လည်းအရှည်ကြီးဘဲသမီးနာမည်ကိုလာမေးတာသမီးကcandyလို့ပြောလိုက်တော့နာမည်အရင်းလာတဲ့ယေ"

"ဒါနဲ့သမီးလေးကဘာပြောလိုက်လဲအဲ့ဦးဦးနာမည်ကကောဘာတဲ့လဲ"

သမီးလေးစဉ်းစားနေတာကိုကြည့်ပြီးသူရင်ထဲအရမ်းထိတ်လာလေသည်။ခင်ဗျားတော့မဟုတ်ဘူးမလား..

"ပါပါးသမီးမေ့သွားပြီ သမီးကငိုထားတာယေအဲ့ဒါအဲ့ဦးဦးပြောတာတွေကိုသိပ့်မကြားလိုက်ဘူး ဟီးး။"

သမီးလေးရဲ့ရီပြီးပြောနေတဲ့ချစ်စရာပုံးစံလေးကြောင့်ထယ်ယောင်းမှာအသည်းယားလျက်။

"ဟုတ်ပါပြီဗျာ လာပါအုံးပါပါးရဲ့အချစ်ဆုံးလေး"

သမီးလေးကလည်းသူရင်ခွင်ထဲဝင်လာပြီးဖတ်ထားလေသည်။ပါပါးတို့အခုလိုနစ်ယောက်ထဲနေတာအကောင်းဆုံးဘဲမလားသမီးလေး..ပါပါးတော့အရမ်းကြောက်မိတယ်သူနဲ့ပြန်တွေ့မိမှာကိုဘဲ

လွန်ခဲ့သော် ခြောက်နစ်ခန့်က.............

"ဂျွန်ထယ့်ကိုဘယ်တော့လက်ထပ်မှာလဲ"

Miracle Of Love (Complete)Opowieści tętniące życiem. Odkryj je teraz