Part 22

899 50 6
                                    

Unicode

"သမီးလေး ပါပါးရှိတယ်နော် ပါးပါးဒီမှာရှိတယ်!!"

Operation ခန်းကိုရောက်ဖို့ ထယ်ယောင်းရယ် မင်ဂျွန်းရယ် ဂျောင်ဂုရယ်မှာ လူနာတင်ကုတင်ကို အမြန်‌တွန်းနေကြလေသည်။လူနာတင်ကုတင်မှာ သမီးလေးကမတရားငိုနေတာကြောင့် ထယ်မှာလည်း ရင်ကွဲမတတ် ။

"ပါပါးး ပါပါးး!! ပါ. ပ"

Candyလေးမှာအငိုလွန်ကာ မေ့‌မျောသွားတာကြောင့် ထယ့်မှာပိုပြီး လန့်သွားရသည်။

"ဒေါက်တာ ကျနော့်သမီးလေး ဘာဖြစ်တာလဲ ဘာဖြစ်သွားတာလဲ!!"

"ကျနော်တို့အမြန်ဆုံးကုသဖို့လိုပါလိမ့်မယ်"

ဒီလိုနဲ့ Operation အခန်းထဲ ကို သူတို့တွေလိုက်ဝင်လို့မရတာကြောင့် အပြင်မှာသာရပ်ပြီးကျန်ခဲ့ကြသည်။candyလေးကိုဆရာဝန်တွေခေါ်သွားကြတာကိုကြည့်ပြီး ထယ်ယောင်းမှာ ကြမ်းပြင်ပေါ် ထိုင်ချကာငိုတော့သည်။

"သမီး သမီးလေး ဘာ ဘာမှ မဖြစ်လောက်ပါဘူးနော်? မင်ဂျွန်းး"

မင်ဂျွန်းလည်း ထယ်ယောင်းဘေးမှာ သူပါ ထိုင်ချကာ ထယ်ယောင်းကို‌ ဖက်ထားလိုက်သည်။ ဒီပုံစံမြင်နေရ‌တဲ့ ဂျောင်ဂုမှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။ ဒီကောင် သက်သက်အသားယူနေတာ!!!ခွေးကောင်!!!!
ငါ့သမီးလေး အခုလိုဖြစ်တာ အဲ့ကောင်ကြောင့်!!

"ထယ်‌ယောင်း!ထယ်ယောင်း"

ဂျီမင်းတို့မှာ လည်းအပြေးလိုက်လာကြလေသည်။ ထယ်လည်း ဂျီမင်းကိုမြင်တာနဲ့ ချက်ချင်းထကာ ပြေးဖက်လေသည်။

"ဂျီမင်း ဂျီမင်း ငါ့သမီးလေး ဘာမှ မဖြစ်ဘူးမို့လား ဟုတ်တယ်မလား ဂျီမင်း"

ဂျီမင်းလည်း သူ့သူငယ်ချင်းကိုကြည့်ကာ စိတ်မကောင်း သူ့သမီးလေးကြောင့်အရမ်းခံစားနေပုံဘဲ။

"ဘာမှမဖြစ်ပါဘူးထယ်‌ယောင်းရဲ့ candyလေးကသန်မာပါတယ် အမြန် ပြန်နေကောင်းသွားမှာ"

ဂျီမင်းလည်း ငိုနေတဲ့ထယ်ယောင်းကိုဖက်ကာချော့နေလိုက်သည်။

ဂျောင်ဂုကလည်း ထိုင်ခုံပေါ်မှာထိုင်ချကာ နံရံကိုမှီထားလိုက်သည်။ ကိုယ့်သွေးသားတစ်ခုခုဖြစ်တာ ဘယ်လောက်ခံစားရလဲဆိုတဲ့ ခံစားချက်ကို ခံစားရတာ နစ်ခါရှိပြီ ဒါတွေအားလုံးငါကြောင့်ဘဲလား???

Miracle Of Love (Complete)Donde viven las historias. Descúbrelo ahora